ပွဲဦးထွက် အင်တိုက် အားတိုက် ကစားသွားတဲ့ ရက်ဖို့ ခြေစွမ်းကို ဗီလာနည်းပြ အမ်မရီ မှတ်ချက်ပြု
အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီက စပါးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင် ကစားပေးခဲ့ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့နဲ့ အဆန်စီယိုတို့ရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ရက်ရှ်ဖို့က ပြီးခဲ့တဲ့အပတ်ကမှ မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ ဒီ တနင်္ဂနွေနေ့စပါးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။
မော်ဂန် ရော်ဂျာက အက်စတန်ဗီလာအတွက်ဦးဆောင်ကိုနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ကစားသမားသစ်နှစ်ဦးက လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့က ဝင်လာကတည်းက အင်တိုက်အားတိုက်နဲ့ ထက်မြက်နေခဲ့တဲ့ပုံပေါ်ခဲ့ပြီး အဆန်စီယိုကလည်း စိတ်ကျေနပ်စရာကစားပုံအချို့ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အခြားဇန်နဝါရီကစားသမားခေါ်မှုနှစ်ခုဖြစ်တဲ့ အန်းဒရေးယက်စ် ဂါစီယာနဲ့ ဒွန်ရဲ မာလန်တို့ကလည်း ပွဲထွက်ပါဝင် ကစားပေးခဲ့ပြီး အချိတ်မဆက်မိမိနဲ့ကစားနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရတဲ့အတွက်အူနိုင်းက စိတ်ကျေနပ်ခဲ့တာဖြစ်ပါတယ်။
“အန်းဒရေးယက်စ် ဂါစီယာနဲ့ ဒွန်ရဲ မာလန်တို့ နှစ်ယောက်စလုံးကတော့ကျနော်တို့ကစားချင်တဲ့ပုံစံအတိုင်းကစားနိုင်ခဲ့တယ်။ သူတို့က တည်ငြိမ်ခဲ့ပြီးအာရုံစိုက်နိုင်ခဲ့တယ်။ မားကပ်စ် ရက်ရှ်ဖို့နဲ့ အဆန်စီယိုတို့လည်း တူတူပါပဲ။
သူတို့ရဲ့စွမ်းရည်နဲ့ ကျနော်တို့ကိုဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ခဲ့တယ်။ နောက်လာမယ့် လတွေမှာ ကျနော်တို့ရင်ဆိုင်ရမယ့်မတူညီတဲ့ပြိုင်ပွဲတွေမှာ အကူအညီဖြစ်စေပါလိမ့်မယ်။
အပြောင်းအလဲတွေလုပ်ခဲ့ပြီးတဲ့နောက်မှာ ကျနော်တို့ကပုံစံအသစ်နဲ့ သွားနေပါတယ်။ ကျနော်တို့အသင်းက တောင်းဆိုမှုတွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ တိုးတက်အောင်လုပ်ဖို့လိုနေသေးတဲ့နည်းဗျူဟာပိုင်းဆိုင်ရာပြဿနာအချို့ကြောင့်နဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ချင်တဲ့ပုံစံကြောင့်ပါ။ “လို့ပြောကြားခဲ့ပါတယ်။