ယူနိုက်တက် ရှုံးမှာ ဆိုတဲ့ မန်ယူ – စပါး ပွဲကြို ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက် ထွက်ပေါ်လာပါပြီ

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် က စပါး – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီပွဲ ဘယ်အသင်း ရှုံးရှုံး ပြသနာကြီးမှာပါပဲ။ ဒီပွဲ ခန့်မှန်းတာကို ဘယ်လို စတင်ရမလဲ မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တော့တင်ဟမ်ရော မန်ချက်စတာ ယူနိုက်တက်က ပြိုင်တူ ညံ့နေတာပဲ။ စပါးကတော့ သူတို့ ဒဏ်ရာရ ကစားသမားတွေကို လက်ညှိုးထိုးနိုင်ပါတယ်၊ ဒါပေမယ့် ယူနိုက်တက်ကတော့ ဘာဆင်ခြေ ပေးမှာလဲ ?

ရူဘင် အမ်မိုရင်းကတော့ ပြောင်းလဲမှုတွေ လုပ်ရမှာပါ။ သူက သူ့ ဖလော် အပေါ် သူ စစ်မှန်ယုံကြည်တယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာက ရှိတဲ့ ကစားသမားတွေနဲ့ ကစားဖို့ အံမဝင်နိုင်ဘူး ဆိုတာ သူ သိူဖို့ လိုတယ်။

ပွဲတွေ ဆက်တိုက် ရှုံးနေတဲ့ကြားက ဒါကို မသိချင်ယောင် ဆောင်ထားလို့ မရဘူး။ နောက်နှစ် ဆိုရင် ကိုယ့် system နဲ့ ကိုက်ညီတဲ့ ကစားသမားတွေ ခေါ်ပြီ အဲဒီကျမှ ကြိုးစားပေါ့။

ကျွန်တော်ကတော့ ဒီပွဲ မန်ချက်စတာ ယူနိုက်တက် နိုင်ရင်တောင် အံ့သြနေတော့မှာ။ စပါးက ပိုကောင်းတဲ့ တိုက်စစ် ရှိနေပြီး ဒါက ခြားနားသွားနိုင်ပါတယ်။

တကယ် ဖြစ်ရမှာက ဒီပွဲမှာ ယူနိုက်တက်က စပါးကို ဘယ်လိုချေမှုန်းမယ် ဆိုတာ ပြောနေရမှာ။ ဒါပေမယ့် အခုနေက သူတို့ ပဲလေ့စ်ကိုတောင် နိုင်ဖွယ် မမြင်မှတော့ ဒီပွဲကနေ ဘာ မျှော်လင့်လို့ ရဦးမှာလဲ ? ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် လန်ဒန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။