သူက စပါးနည်းပြ ပိုစတီကိုဂလူရဲ့ ဖန် ပါ ဆိုတဲ့ ယူနိုက်တက် နည်းပြ အမ်မိုရင်းရဲ့ ပွဲကြိုစကား
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီ တနင်္ဂနွေနေ့မှာ တော့တင်ဟမ် စပါးအသင်း အား အဝေးကွင်း လန်ဒန်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ ဒီပွဲ မတိုင်ခင်မှာ စပါးနည်းပြ ပိုစတီကိုဂလူ ကို သူက သဘောကျ အားပေးသူ ဖြစ်ကြောင်းနဲ့ သူရော စပါးနည်းပြရော ဝန်ထုပ်တွေက ကြီးမားကြောင်း ဆိုလာခဲ့ပါတယ်။
“ကျွန်တော်က အန်ဂျီ ပိုစတီကိုဂလူ ရဲ့ ပရိတ်သတ်အကြီးစားတစ်ယောက်ပါ။ အန်ဂျီက အရမ်းတော်တဲ့ နည်းပြအဖြစ် သလို လူကောင်းတစ်ယောက်လည်း ဟုတ်ပါတယ်။
လေးလေးစားစားနဲ့ ပြောဆိုရမယ်ဆိုရင် ကျွန်တော်က ပိုကြီးတဲ့ ကလပ်အသင်းဖြစ်သလို ကျွန်တော့်ရဲ့ဖိအားကလည်း မနည်းပါဘူး။ ပိုလို့တောင် ကြီးမားပါတယ်။” လို့ အမ်မိုရင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်
အမ်မိုရင်းကတော့ စပါးနဲ့မကစားခင်မှာ အန်ဂျီကို ချီးကျူးသလိုနဲ့ သူ့ရဲ့ပုခုံးထက်က ဝန်ဟာ အတော်ကြီးလေးပင်လွန်းလှတဲ့အကြောင်းကို မသိမသာပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
လတ်တလော ခြေစွမ်း မတည်ငြိမ်ဘဲ ရလဒ်တွေ ဆိုးနေတဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တာ ဖြစ်လို့ ဘယ်အသင်း အသာရသွားမလဲတောင် သုံးသပ်သူတွေ ပြောရခက်နေကြတာပါ။