မန်ချက်စတာ ယူနိုက်တက် ရှုံးမလား တည့် မရွေးရဲဘူး ဖြစ်နေတဲ့ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က စပါး – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီပွဲကို မှန်းရတာက ကလေးတွေနဲ့ ခေါင်းပန်းလှန် ကစားရသလိုပါပဲ။ ဘာမဆိုဖြစ်သွားနိုင်တာပဲ။

နှစ်သင်းလုံးရဲ့ အနေအထားကို ကြည့်ပြီးတော့ ဒီပွဲကို ခန့်မှန်းချက် နှစ်ခု ထုတ်ဖို့ ပထမဆုံး အကြိမ် အိုင်ဒီယာ ရသွားမိတယ်။ ဒီပွဲ ရလဒ် ကျွန်တော် အာမ မခံပါဘူး။ ကျွန်တော် ဘာမှန်းမှန်း ပြောင်းပြန်ကြီး ဖြစ်ဖြစ်လာတတ်တော့။

စက်တင်ဘာတုန်းက တော့တင်ဟမ်က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-ဝ နဲ့ ချေမှုန်းခဲ့တယ်။ ဒီတကြိမ်တော့ အဲဒီလောက် မဖြစ်လောက်ဘူး။

စပါးမှာ တီမိုဗာနာ၊ ဂျိမ်းစ် မက်ဒီဆန်နဲ့ ဗီကာရီယို တို့ ဒဏ်ရာကနေ ပြန်လာနေပါပြီ၊ ဒါပေမယ့် ဒီပွဲအတွက် သူတို့ ဘယ်လောက် အထိ fit ဖြစ်မှာလဲ ?

ပိုစတီကိုဂလူကတော့ သူ့ ကစားသမားတွေ ခြေကုန်နေပြီ လို့ ဗီလာနဲ့ အက်ဖ်အေ ရှုံးပွဲ အပြီးမှာ ပြောခဲ့တယ်။ ဒီတော့ သူတို့ ခွန်အား ဘယ်လောက်ကျန်မလဲ အပေါ်လည်း ဒီပွဲက မူတည်မယ်။

အမ်မိုရင်းနဲ့ ပတ်သတ်ပြီး ပြောရရင် သူက အချိန်လိုတယ်လို့ ပဲ ကျွန်တော် မြင်တယ်။ ဒါပေမယ့် အမ်မိုရင်း စ ကိုင် တည်းက တိုးတက်မှု ဘယ်လောက်ရှိလာလဲ ဆိုတာ ထောက်ပြစရာ ဖြစ်နေတယ်။

ဒီပွဲမှာ ယူနိုက်တက် အသာရသွားနိုင်တယ်လို့ ကျွန်တော် အာရုံရနေတယ်။ ဒါပေမယ့် ဘယ်အချက်အပေါ် မူတည်လဲ ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို မပြောပြနိုင်ဘူး။

စပါး အတွက်လည်း ဒီပွဲက ပွဲကြီးပါ။ သူတို့အသင်းက ပြည်တွင်း ရှုံးထွက်ဖလား နှစ်ခုလုံးက ထွက်ခဲ့ရပြီ။ ဒါပေမယ့် ကျွန်တော် ယူနိုက်တက်ကိုပဲ ရွေးချယ်မှာပါ။ ” လို့ ဆက်တန်က သုံးသပ်သွားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး 1-2 (သို့) 4-0 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ဒီ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် လန်ဒန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။