ဝန်ထမ်း ၂ဝဝ ကျော် အလုပ်ဖြုတ်ခံရတာ သူ့အသင်းမှာ တာဝန်ရှိပြီး စပါးနဲ့ပွဲကစလို့ နိုင်ပွဲပြန်ယူမယ်လို့ အေမိုရမ် ကြုံးဝါး
မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က ကစားသမားများမှာ အိုးထရက်ဖို့ဒ်တွင် ဝန်ထမ်းရာချီ ထုတ်ပယ်ကာ အသုံးစရိတ်လျှော့ချမှုအား မျက်ကွယ်မပြုနိုင်ကြောင်း ပြောကြားလာပါတယ်။
ဗြိတိန်ဘီလျှံနာ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် အသင်းရဲ့အသုံးစရိတ်အား အကြီးအကျယ်လျှော့ချနေပါတယ်။
ယူနိုက်တက်ဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်အား သံတမန်ရာထူးမှ ထုတ်ပယ်ခဲ့သလို ကစားသမားဟောင်းများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ လှူဒါန်းမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဌာနတိုင်းမှ ဝန်ထမ်း ၂၀၀ အထိ လျှော့လာမှာ ဖြစ်သလို လန်ဒန်ရှိ ရုံးခန်းကိုလည်း ပိတ်ပစ်လာပါမယ်။
အေမိုရမ်က “ဒါက ပထမအသင်း၊ နည်းပြတွေ၊ ကစားသမားတွေအတွက် အရေးပါတဲ့အရာပါ။ မျက်ကွယ်မပြုထားနိုင်ပါဘူး။ လူတွေ အလုပ်ဆုံးရှုံးရတယ်။ ဒါကို အသိကပ်ရမယ်။
အကြီးမားဆုံးပြဿနာက ငွေတွေ အများကြီးသုံးပြီး နိုင်ပွဲတွေ မရတာပါ။ ချန်ပီယံလိဂ်လည်း မကစားခွင့်မရဘူး။ ဒီတော့ ဝင်ငွေလည်း ပုံမှန်အတိုင်း ဖြစ်မနေဘူး။
အသင်းက အတိတ်မှာ ငွေတွေ အများကြီး သုံးခဲ့တယ်။ အခု ဘဏ္ဍာရေးပိုင်းကို ဂရုစိုက်ရတော့မယ်။ ကိုယ်ကြိုက်သလို အသင်းကို တည်ဆောက်လို့ မရတောပါဘူး။ ဘောလုံးအသင်းမှာ အကြီးမားဆုံးပြဿနာက ငွေသုံးပြီး နိုင်ပွဲမရတာပါ။
လူတွေ အလုပ်ဆုံးရှုံးရတယ်။ ကိုယ့်အလုပ် စိတ်ချရတယ်ဆိုတဲ့ ခံစားချက် အရမ်းအရေးကြီးတယ်။ ပတ်ဝန်းကျင်ကိုလည်း ရိုက်ခတ်တယ်။ ဒါကို ဂရုမမူလို့ မရဘူး။ ပြဿနာကို သိတယ်။ ဒီအတွက် တာဝန်ရှိတာက ပထမအသင်းပါ။
အပြောင်းအလဲ လုပ်ရမယ်။ အပြောင်းအလဲရဲ့ ပထမဆုံးအစိတ်အပိုင်းအနေနဲ့ စပါးစ်ပွဲမှာ နိုင်အောင် ကစားရမယ်။ ဒါက ဒီလူတွေကို ကူညီဖို့ အသေးစားခြေလှမ်းလေးပါ။ ပြီးရင် လက်မှတ်ဈေးမတက်အောင် ကြိုးစားရမယ်။ ဒီအတွက် ကျွန်တော်တို့မှာ တာဝန်ခံမှု အပြည့်ရှိပါတယ်”လို့ ပြောကြားသွားပါတယ်။