အူဘာဘက်က ကာကွယ်တဲ့ အာတီတာ၊ ဇာကာရီယာ၊ ဗက်ကွက်ဇ်နဲ့ ယနေ့ ည အာဆင်နယ် သတင်းများ
ဂန်းနားဟောင်းကြီး ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ မန်ယူနဲ့ပွဲ ရှုံးပွဲကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပြီး အဲဗာတန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရမှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ မန်ယူနဲ့ပွဲမှာလည်း အခွင့်အရေးတွေ ရခဲ့ပြီး ကံမကောင်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမှာ အဲဗာတန်ဟာ ကစားရလွယ်နေကြောင်း သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူး အူဘာမီယန်တစ်ယောက် ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး အူဘာဟာ အကောင်းဆုံး ကြိုးပမ်းလျက်ရှိနေပြီး အရင်ကနဲ့ ကွာခြားသွားတာမရှိကြောင်း ကာကွယ် ပြောဆိုသွားပါတယ်။
အာဆင်နယ် အနေနဲ့ သွင်းဂိုးတွေကို လိုအပ်လျက်ရှိကြောင်း၊ အူဘာဟာ အသင်းအောင်မြင်မှုရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဆက်ဂ်နာက သူ့အနေနဲ့ အာဆင်နယ်ကနေ မန်စီးတီးကို ငွေကြေးကြောင့် ပြောင်းရွှေ့ ခဲ့ခြင်း မဟုတ်ကြောင်း၊ သူဟာ အာဆင်နယ်မှာ တူညီတဲ့ စာချုပ် တစ်ခုတည်းနဲ့ပဲ ၆နှစ်လောက် နေခဲ့တာ ဖြစ်ကြောင်း၊ အာဆင်နယ် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုက နာကျင်စရာကောင်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ လာလီဂါထိပ်သီကလပ် ရီးရဲကွင်းလယ်လူ ဗက်ကွက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီ ဖြစ်ကြောင်း Todofichajes က ဖော်ပြထားပါတယ်။ ဗက်ကွက်ဇ်ဟာ လက်ရှိ ရီးရဲမှာ ရုန်ကန်ရလျက်ရှိနေပြီးသူ့ကို ယူရို ၁၅ သန်း နဲ့ သာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်ချ် ကွင်းလယ်လူ ဇာကာရီယာကို စီးရီးအေ ထိပ်သီးတွေဖြစ်ကြတဲ့ ဂျူဗင်တပ်နဲ့ ရိုးမားတို့က ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းလျက်ရှိနေပါတယ်။ ဇာကာရီယာကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူကို အရေးနိမ့်ခဲ့ပြီးနောက် Twitter မှာ #ArtetaOut ဆိုတဲ့ Hshtag တွေ Trend ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဒီရာသီ အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့ဆုံရာမှာ စပါးကိုသာ အနိုင်ရထားပြီး ကျန်ပွဲတိုင်းကို အရေးနိမ့်ထားခဲ့တာပါ။

အာတီတာ အနေနဲ့ ဂန္ထဝင် နည်းပြကြီး အာဆင်ဝင်းဂါးကို အသင်းကို ပြန်ခေါ်မယ် ဆိုတဲ့ ပြောဆိုချက်ကို အွန်နရီက မေးခွန်းထုတ်ခဲ့ပြီး အာဆင်နယ် အနေနဲ့ အာဆင်ဝင်းဂါးကို ကန်ထုတ်ခဲ့ပြီးပြီဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးသာ ပြန်လာရင် ဘာ သွားလုပ်ရမှာလဲဆိုပြီး မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားအနေနဲ့ ဒုတိယရာသီဝက်မှာ အပျော်တမ်း ကလပ်အသင်းမှာသာ ကစားဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဝီလ်ရှိုင်းယားကို အပျော်တမ်းကလပ် Wrexham က ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။