ကွင်းထဲ ဘာဆို ဘာမှ မလုပ်ဘဲ အထိုင်ချနေသူ ၃ ဦးကို မိုက်ကယ်အိုဝင် ဖော်ထုတ် ပြောပြီ
မိုက်ကယ် အိုဝင်က တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူနိုက်တက် ဗဟိုခံစစ်ကစားသမားတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး အသင်းကို ကူညီဖို့ ဘာဆိုဘာမှ မလုပ်ခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ပထမပိုင်း ၁၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂျိမ်းစ် မက်ဒီဆင်ရဲ့ သွင်းဂိုးကြောင့် အနိင်ရခဲ့တာဖြစ်ပြီး အိုဝင်က အဲဒီအခြေအနေမှာ မက်ဂွိုင်းယား၊ ဒီလိုက်တ်နဲ့ မက်ဇရာဝီတို့ ဘာမှ မလုပ်ဘဲ နေနေခဲ့တာကို စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
” ဒီပွဲမှာ တခြားဟာတွေထက် ကျွန်တော့်ကို စိတ်အတိုဆုံး ဖြစ်စေတာက ယူနိုက်တက် ဗဟိုခံစစ်သမားတွေဟာ ပွဲထဲ ဘာမှကို မလုပ်ကြတာပဲ။ သူတို့က ဘယ်ကစားသမားကိုမှ တားနိုင်တယ် မရှိဘူး။
သူတို့ကို အလုပ် တစ်ခုပဲ ပေးခဲ့တာလေ။ ဂိုးပေါက် ကန်သွင်းတဲ့သူတွေကို တားဆီးဖို့။ အခုတော့ သူတို့က ကွင်းထဲ အိပ်ပျော်နေတယ်။
ပထမပိုင်းက ပြကွက်တွေကို ခင်ဗျားတို့လည်း ပြန်မြင်ကြမှာပါ။ အဲဒီ ၃ ယောက်က ဘာမှကို မလုပ်တာ။ ဘာမှ တွန်းအား မပေးဘူး၊ လူမကပ်ဘူး၊ အဲဒီမှာ အထိုင်ချနေတော့တာပဲ။
သီအိုရီ အရ ဆိုရင် သူတို့ နေရာတွေက ကွင်းထဲမှာ အလွယ်ကူဆုံးမလား။ သူတို့ကို ဘာမှ ထူးခြား လုပ်ခိုင်းတာ မရှိဘူး။ မန်နေဂျာကသာ ခံစစ်သမားတွေ အများကြီး ထည့် ကစားနေတယ်။ သူတို့က ဘယ်သူ့ကိုမှ တားနေတာ မရှိဘူး။ ” လို့ အိုဝင်က ဒေါသတကြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စပါးအတွက်တော့ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေတာကနေ ရပ်တန့်နိုင်ခဲ့ပြီး ဖိအားတွေ အနည်းငယ် လျှော့ချနိုင်သွားပါတယ်။