မန်ဒီကို ချန်ထားဦးမှာ မဟုတ်တဲ့ တူချယ်၊ လူကာကူ၊ ဆော၊ ရူဒီဂါတို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ဂိုးသမား မန်ဒီကို ချန်လှပ်လိုက်ဖို့ ပြောဆိုနေကြတဲ့အပေါ် ခဲျလ်ဆီးနည်းပြတူချယ်က တုံ့ပြန်ခဲ့ပြီး သူ့အနေနဲ့ မန်ဒီကို ချန်လှပ်ဖို့လိုအပ်တယ်လို့ မထင်မြင်မိကြောင်း၊ ၃ ပွဲမှာ ၅ဂိုးပေးရတာက ပြဿနာ မဟုတ်ကြောင်း၊ တစ်ဦးချင်း အမှားတွေကို လျှော့ချနိုင်ပြီး ရလဒ်ကောင်းအောင် အာရုံစိုက်သွားမှာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဝေဖန်ခံနေရတဲံ လူကာကူရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တူချယ်က “ဒါက တစ်ဦးချင်း စွမ်းဆောင်ရည် အကြောင်း ပြောရမှာ မဟုတ်ပါဘူး။ လူကာကူဟာ ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးလို့ ဒီပွဲမှာ ပွဲထွက် မကစားနိုငခဲ့တာပါ”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီအနေနဲ့ ဘယ်တော့ ပြန်ကစားနိုင်မလဲ ဆိုတာ အတိအကျ မသိသေးဘူးလို့ နည်းပြ တူချယ်က ဆိုပါတယ်။ ကန်တီဟာ ဒူးဒဏ်ရာကြောင့် ချဲလ်ဆီးရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်ထားတာပါ။

ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးက ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။ သီယာဂိုဆေးလ်ဗားဟာ လူငယ်တွေကို တိုးတက်စေသူဖြစ်ကြောင်း၊ သူ့ကိုစာချုပ်သက်တမ်း မတိုးစရာ အကြောင်း မရှိကြောင်း ဂျိုလ်ကိုးက ဆိုခဲ့တာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ဆောနီဂွတ်ဇ်ကတော့ သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝနဲ့ ပတ်သက်ပြီး မကျေနပ်မှု ပိုမို ကြီးထွားလျက်ရှိနေကြောင်း သိရပါတယ်။ ဆောနီဂွတ်ဇ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခြင်း မရှိဘူးလို့ ခံစားနေရပြီး အခုထက်ပိုမို အခွင့်အရေး ရလိုနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ အသင်းကနေ ထွက်ခွာလိမ့်မယ် လို့ ယူဆမိကြောင်း သုံးသပ်လိုက်ပါတယ်။ တကယ်လို့ ရူဒီဂါအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးချင်တယ် ဆိုရင် အခုကတည်းက တိုးမြှင့်ပြီးပြီဖြစ်ကြောင်း၊ အခုတော့ ဆက်နေစရာ အခွင့်အရေး မရှိတော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့က ချဲလ်ဆီးအနေနဲ့ ဝက်စ်ဟမ်းကို အရေးနိမ့်ပြီး ခြေချော်သွားခဲ့တာ ချန်ပီယံပြေးလမ်းအတွက် သိပ် အရေးမကြီးကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမား ကီပါအနေနဲ့ တကယ်လို့ အသင်းမှာ ပွဲကစားခွင့်ရဖို့ ဆက်လက်ရု န်းကန်နေရဦးမယ်ဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ ကီပါကို ချဲလ်ဆီးနည်းပြဟောင်း ဆာရီ ကိုင်တွယ်နေတဲ့ လာဇီယိုက ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။