စက်ရုပ်ဆန်ဆန် ကစားနေတဲ့ အသင်းသား အတွက် မန်ယူက အံ့ဖွယ် ဈေး ပေးခဲ့လို့ မာတင်ကီယွန် ပြောပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စက်ရုပ် ဆန်ဆန် ကစားနေတဲ့ နောက်ခံလူ ဒီလိုက်တ်ကို ဘိုင်ယန်မြူးနစ်ကနေ ဈေးကြီးပေး ဝယ်ခဲ့တယ်လို့ အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က ပြောဆိုခဲ့ပါတယ်။
ဒတ်ချ်နောက်ခံလူ ဒီလိုက်တ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဖော် မက်ဇရာဝီနဲ့အတူ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ မျှော်မှန်းထားတဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်နောက်ခံလူဟာ ဂျူဗင်တပ်မှာတုန်းက အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး စီးရီးအေနဲ့ ကိုပါအီတာလီယာဖလားရအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုက်တ်ဟာ အိုင်းယက်စ်တုန်းက အလုပ်အတူတွဲလုပ်ဖူးတဲ့ တန်ဟက်နဲ့ လအနည်းငယ်သာ အလုပ်လုပ်ခွင့်ရခဲ့ပြီး မန်ယူနိုက်တက် တာဝန်ရှိသူတွေက ဒတ်ချ်လူမျိုး နည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုက်တ်ဟာ နည်းပြသစ် ရူဘင် အမိုရင်လက်ထက်မှာ ဆက်လက်ပါဝင်ကစားခွင့်ရနေပေမယ့်လည်း မာတင် ကီယွန်က ယုံကြည်မှုမရှိဘဲ ဒတ်ချ်ကစားသမားရဲ့ စက်ရုပ်ဆန်တဲ့ ခံစစ်ကစားပုံက အသင်းကို ပြဿနာဖြစ်စေလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဒီလိုက်တ်ကို ကြည့်ခဲ့တယ်။ သူ့အတွက် သူတို့သုံးစွဲခဲ့တဲ့ ပမာဏက ဗဟိုခံစစ်ကစားသမားတယောက်အတွက်ဆိုရင်တော့ အံ့အားသင့်စရာ များပြားလွန်းပါတယ်။ သူက စက်ရုပ်လိုမျိုး ကစားနေတယ်။
ဘောလုံးကို သူ ရှင်းထုတ်လိုက်နိုင်တဲ့ အချိန်တွေရှိခဲ့ပေမယ့် သူ ထောင့်ကန်ဘော လုပ်ပစ်လိုက်တယ်။ သူက အသင်းအတွက် ပြဿနာတွေပဲ ဖန်တီးနေတာပါ။
အမိုရင်အနေနဲ့ သူ့ကို ယုံကြည်မှုနဲ့အတူ အင်အားပေးဖို့ လိုတယ်။ ကျွန်တော်ကတော့ သူ့ဆီမှာ ယုံကြည်မှုနဲ့ ပတ်သက်တာ ဘာမှကို မတွေ့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။