ရက်ရှ်ဖို့ဒ် ဘက်က ထောက်ခံသူ ဆလော့၊ ဆက်နေချင်တဲ့ ကတ်စမီရို၊ ဆန္ဒပြပွဲ၊ စက်ရုပ် နောက်ခံလူနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ

လီဗာပူးလ် နည်းပြ ဆလော့ကတော့ အက်စ်တွန်ဗီလာအသင်းထံ အငှားထွက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက် ခြေစွမ်းမှန်တွေ ပြန်ရလာမှာ ဖြစ်ကြောင်း ကြိုတင် ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းမှာ ပွဲကစားခွင့် နည်းပါးလာပေမဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာ ဆက်ရှိ ချင်ကြောင်း ကွင်းလယ်လူ ကတ်စမီရိုက ပြောသွားပါတယ်။

အသက် ၃၃ နှစ်ရှိ ဥရောပချန်ပီယံလိဂ် ဆုဖလား ၅ ကြိမ်ရရှိထားသူ ကတ်စမီရိုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စွမ်းဆောင်ရည်ကျဆင်းလာခဲ့ပြီး နည်းပြအာမိုရင်လက်ထက်မှာလည်း အရန်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

ယူနိုက်တက်ပရိသတ်များဟာ အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ဆန္ဒပြပွဲ ဆင်နွဲရန် စီစဉ်ထားကြပါတယ်။

ယူနိုက်တက်ဟာ အသင်းက တစ်ပွဲလက်မှတ်ဈေးနှုန်းအား ၆၆ ပေါင်အထိ တိုးမြှင့်ကောက်ခံလာမှုအပေါ် ပရိသတ်များက အခုလို ဒေါသထွက်ကာ ဆန္ဒပြလာမှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အတိတ်ကာလမှာ ငွေကြေးသုံးစွဲမှုများခဲ့လို့ လက်ရှိအချိန်မှာ ဘဏ္ဍာရေးပိုင်း စိစစ်သုံးစွဲနေရတယ်လို့ နည်းပြ အမ်မိုရင်က ဝန်ခံပြောသွားပါတယ်။

အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ စက်ရုပ်ဆန်တဲ့ နောက်ခံလူ ဒီလိုက် ကို ဘိုင်ယန်မြူးနစ်ကနေ ဈေးကြီးပေးဝယ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။