အသင်းတွင်း စည်းလုံးမှုနဲ့ စိတ်ဓာတ်မြှင့်တင်ရေး ပလန်တွေ စီစဉ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ကစားသမားများဟာ အသင်းရဲ့ ရလဒ်ဆိုးရွားနေမှုနှင်အတူ အသင်းအတွင်း စည်းလုံးမှု ပိုကောင်းလာစေရန်အတွက် ညစာအတူ ထွက်စားလာကြဖို့ စီစဉ်ထားကြပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက စပါးစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၈ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့လာရပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်အသင်းသားများဟာ အသင်းအတွင်း စည်းလုံးမှု ပိုကောင်းလာစေရေးနှင့် အရေးပါတဲ့ပွဲမတိုင်မီ အသင်းစိတ်ဓာတ်မြင့်မားလာစေရေးအတွက် ယနေ့ ဗုဒ္ဓဟူးနေ့ညနေတွင် မန်ချက်စတာမှာ ညစာအတူစားရန် စီစဉ်ထားကြောင်း Daily Mail ကဖော်ပြလာပါတယ်။

တဖက်တွင် မီဒီယာအချို့တို့ကလည်း ယူနိုက်တက်အသင်းသားများဟာ အသင်းရဲ့ ရလဒ်ဆိုးရွားနေမှုနှင့်အတူ နည်းပြရူဘင်အေမိုရမ်ရဲ့ ၃-၄-၃ စနစ်အပေါ် ယုံကြည်မှု နည်းပါးလျက်ရှိနေကြောင်းလည်း ဖော်ပြနေပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ စက်တင်ဘာလတုန်းက အဲရစ်တန်ဟက်နေရာတွင် အစားထိုးတာဝန်ယူပြီးနောက် သူ့လက်ကိုင် နည်းဗျူဟာ ၃-၄-၃ စနစ်အား ယူနိုက်တက်တွင် သွတ်သွင်းရန် ကြိုးပမ်းလာခဲ့တာပါ။

ယူနိုက်တက်ဟာ လာမယ့် စနေနေ့မှာ ဂူဒီဆင်ပါ့ခ်သို့ သွားရောက် အဲဗာတန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းပွဲအပြီး ကြားရက်တွင် အစ္စဝှစ်ချ်အား ဧည့်ခံကစားရပါမယ်။