ဒီတပတ် အဝေးကွင်းမှာလည်း မန်ယူ ရှုံးဦးမှာ ဆိုတဲ့ ပေါမာဆန်ရဲ့ အဲဗာတန် ပွဲကြို ဟောကိန်းထုတ်မှု
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ အဲဗာတန်အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်က အဲဗာတန် – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ကျွန်တော် ပြီးခဲ့တဲ့ အပတ်တုန်းကလည်း တော့တင်ဟမ်က မန်ချက်စတာ ယူနိုက်တက် ကို နိုင်မယ် ပြောခဲ့တယ်၊ တကယ်လည်း ဖြစ်လာခဲ့တာပဲ။
ဒီပွဲမှာ ယူနိုက်တက်က အဲဗာတန်ကို နိုင်မယ်လို့ ရွေးရင်တော့ ဒါက ကလပ်အသင်း အဆင့်အတန်း တစ်ခုကြောင့်သာ ရွေးတာ ဖြစ်မှာပဲ။
ဒီပွဲက အဲဗာတန် နိုင်ပွဲရအောင် ကြိုးစားရမယ့် ပွဲ လို့ ကျွန်တော်က မြင်တယ်။ သူတို့ လီဗာပူးနဲ့ ပွဲတုန်းကလိုသာ tempo ပြန်ရရင် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရနိုင်ပါတယ်။ ဒါပမေယ့် ဘုန်းမောက်နဲ့ ပွဲတုန်းကလို သွားကစားရင်တော့ good luck ပါပေါ့။
ဒီပွဲက ဒေးဗစ်မိုယက်စ် အတွက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်ရင်ဆိုင်ရတာ ဖြစ်လို့ စိတ်ဝင်စားစရာပါပဲ။ သူက အိုးထရက်ဖို့ဒ်မှာ မအောင်မြင်ခဲ့ဘူး။ ဒါကလည်း ဒီအလုပ် offer ရလာလို့ သူ ကြိုးစားခဲ့တယ်၊ ဆာအဲလက်စ် ဖာဂူဆန် နေရာ အဲဒီအချိန် အစားဝင်ဖို့ ဆိုတာက ဘယ်လွယ်မလဲ။ သူ့ကို ကျွန်တော်တို့ အပြစ်တင်လို့ မရဘူး။
အဲဗာတန်ကနေ ရှောင်ဒိုက် ထွက်သွားပြီးနောက် မိုယက်စ် ပြန်ဝင်လာတော့ ကျွန်တော်က မှန်ကန်တဲ့ အရွေ့လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် သူ ဂွတ်ဒီဆင်ပါ့ခ်မှာ လုပ်ဆောင်ထားတာက သိပ်ကို အံ့ဖွယ် ဖြစ်နေပြီ။
ဒီပွဲ မန်ချက်စတာ ယူနိုက်တက် နိုင်မယ် ဆို အံ့သြမိမှာပဲ။ သရေကျချင်သာ ကျသွားမယ့် ဒီပွဲ ယူနိုက်တက်တော့ နိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော် မြင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အဲဗာတန် 2-1 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်၊ ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။