ကောင်းသော စကားတွေ ဆိုလိုက်ပြီး ယူနိုက်တက်ကို ကျေးဇူးတင်လိုက်တဲ့ အန်တိုနီ
ရီးရဲလ်ဘက်တစ်ထံ အငှားထွက် ကစားပြီး ခြေစွမ်းကောင်းတွေလည်း ပြသနေပြီ ဖြစ်တဲ့ တိုက်စစ်သမား အန်တိုနီ ကတော့ မိခင်ကလပ် မန်ချက်စတာ ယူနိုက်တက် အား အဆိုးမမြင်ဘဲ ကောင်းသော သဘောထားတွေ ပြသနေပါတယ်။
အန်တိုနီက ” ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ရင်တော့ ကျေးဇူးတင်စကားတွေချည်းပဲ ပြောဆိုရမှာပါ။ ခက်ခဲလွန်းတဲ့ ကာလတွေဖြစ်ခဲ့ပေမယ့်လည်း ယူနိုက်တက်အတွက် ကစားရတာဟာ ဂုဏ်ယူစရာကောင်းသလို ဆုဖလားတွေလည်း ရခဲ့ပါတယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကနေ စပိန်မြေကို ရာသီဝက်စာအပြောင်းအရွှေ့မှာ အဆင်ပြေနေတဲ့ အန်တိုနီကတော့ သူ့ရဲ့အခြေအနေအမှန်ကိုလည်း သိသလို အသင်းအပေါ်ကိုလည်း လူချစ်အောင်ပဲ ရိုးရိုးသားသား ပြောဆိုတတ်တယ် ဆိုနိုင်ပါတယ်။
အန်တိုနီ က တွေးကြည့်ရင် မန်ယူနိုက်တက်အသင်းရဲ့ အဆင့်အတန်းမဟုတ်ခဲ့ပေမယ့် အတော်လေး အလုပ်ကြိုးစားတဲ့ ကစားသမားပါ။
သူ့အတွက် ထမ်းပိုးလိုက်ရတဲ့ ဖိအားတွေဟာ မနည်းလှတာကြောင့် လည်း ပါပါတယ်။ အန်တိုနီကတော့ ကစားသမားဘဝကို ကောင်းကောင်းပြန်စတင်နေနိုင်ပါပြီ။