ယူနိုက်တက်က တိုးတက်မလာဘူး၊ ဖြေရှင်းနိုင်တာထက် ပြဿနာတွေ ပိုများနေတယ် ဆိုတဲ့ ရူဘင်အေမိုရမ်
မန်ချက်စတာ ယူနိုက်တက်တွင် ဖြေရှင်းရေး နည်းလမ်းများထက် ပြဿနာက ပိုများနေကြောင်း နည်းပြရူဘင်အေမိုရမ်က ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့တုန်းက စပါးစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၂၅ ပွဲတွင် ၁၂ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားကာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက် ဟာ အေမိုရမ်လက်ထက် ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲမှာ ၄ ပွဲတည်းသာ အနိုင်ရထားပါတယ်။ ၎င်းတို့ဟာ ယနေ့ညမှာ ဂူဒီဆင်ပါ့ခ်သို့ သွားရောက်ကာ အဲဗာတန်နှင့် ရင်ဆိုင်ကစားရပါမယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ဂိုးမပေးရတဲ့ ပွဲ ၇ ပွဲတည်းသာ ပိုင်ဆိုင်ထားသလို သွင်းဂိုးကလည်း ၂၈ ဂိုးတည်းသာ ရှိမှုနှင့်အတူ ခံစစ်နှင့်တိုက်စစ်ပြဿနာ ကြုံနေရပါတယ်။
အေမိုရမ်က “ကျုပ် အခု ခံစားရတာကတော့ အသင်းကို တိုးတက်လာတယ်လို့ မခံစားရသေးဘူး။ ဒါပေမဲ့ တချို့ ပွဲတွေမှာ ကျွန်တော်တို့ ကောင်းကောင်းကစားပြီး အခြေအနေအချို့ ဖန်တီးနိုင်တယ်လို့ ခင်ဗျားတို့ ထင်မယ်။ ဒါက ကောင်းပါတယ်။
အခုအချိန်မှာ ပွဲတွေကို ကြည့်လိုက်ရင် ဖြေရှင်းရေးနည်းလမ်းတွေထက် ပြဿနာတွေကိုပဲ ပိုမြင်နေရလိမ့်မယ်။ ကျုပ်ကတော့ အဲဒီလိုပဲ မြင်နေတယ်။ ဒါ့အပြင် ဆက်တိုက်ခြေကောင်းဖို့လည်း လိုတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်နှင့်ပွဲတွင် ဆာအဲလက်စ်ဖာဂူဆန်နေရာကို ဆက်ခံတဲ့ ဒေးဗစ်မိုယက်စ်နှင့် ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
အဲဗာတန် က ကစားရခက်ခဲတဲ့အသင်းလားလို့ မေးမြန်းလာချိန်မှာ အေမိုရမ်က “ယုံကြည်မှုပါ။ သူတို့ကစားပုံကြည့်လိုက်ရင် သိသာတယ်။ ယုံကြည်မှု အများကြီး ရှိတယ်။ နိုင်ပွဲတွေလည်း ရတယ်။ ကစားရခက်တယ်။ မို
ယက်စ်က အသင်းကို ပြန်ကောင်းလာအောင် အံမခန်းလုပ်ထားတယ်။ သူတို့ပွဲကြည့်ရင် ယုံကြည်မှုကို ခင်ဗျားတို့လည်း ခံစားရမှာပါ။ ယုံကြည်မှု ရှိနေတယ်။ အရမ်းခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ”လို့ ပြောကြားသွားပါတယ်။