ယူနိုက်တက် ကစားသမားတွေကို ဝေဖ-န်ပြ-စ်တင်ခဲ့တဲ့ နည်းပြ အမ်မိုရင်းဘက်ကနေ ဖာနန်ဒက်စ် ကာကွယ် ပြောဆို
ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကတော့ စနေည အဲဗာတန်နှင့် ၂ ဂိုးစီသရေကျတဲ့ ပွဲအပြီးမှာ ယူနိုက်တက် ကစားသမားများကို အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ခဲ့တဲ့ နည်းပြရူဘင်အေမိုရမ် အား ကာကွယ်စကား ဆိုသွားပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းတွင် အဲဗာတန်ရဲ့ ၂-၀ ဂိုးဖြင့် ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်နှင့် မန်နူရယ်အူဂတ်တီတို့ရဲ့ ချေပဂိုးကြောင့် ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ပွဲအပြီးတွင် ယူနိုက်တက်နည်းပြအေမိုရမ်ဟာ အဲဗာတန်နှင့်ပွဲစဉ် ပထမပိုင်းမှ ယူနိုက်တက်ကစားသမားများရဲ့ ဆိုးရွားလှတဲ့ ခြေစွမ်းကို ဝေဖန်သွားခဲ့ပါတယ်။
အဲဗာတန်နှင့်ပွဲတွင် ဖရီးကစ်မှ တဆင့် ချေပဂိုးသွင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က “ဒီလိုအခြေအနေမျိုးတွေကနေ ဂိုးတွေ အများကြီး သွင်းနိုင်ဖို့ လိုတယ်။ ပိုပြီးတေ့ာ့ တွန်းတွန်းတိုက်တိုက်ကစားရမယ်။
တိုက်စစ်ကစားချိန်မှာ ကိုယ့်နေရာတွေကို ပိုနားလည်ရမယ်။ ဒီကနေ အလွတ်တည်ကန်ဘောကနေ နှစ်ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါက အရမ်းကောင်းတယ်။ ဒါပေမဲ့ ဒီအခြေအနေဆိုးကနေ ရုန်းထွက်ဖို့ အများကြီး ပိုကောင်းအောင် လုပ်ရဦးမယ်။ အခု ကြုံတွေ့နေရတဲ့ အခြေအနေဆိုးအပေါ် အများကြီး စိုးရိမ်ဖို့ လိုတယ်”လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး အေမိုရမ်ရဲ့ ကစားသမားများအပေါ် ဝေဖန်မှုနှင့်ပတ်သက်ပြီး ဖာနန်ဒက်စ်က “လိဂ်မှာ ကျွန်တော်တို့ အဆင့်ရပ်တည်မှု အရမ်းဆိုးတယ်။ အရမ်းဆိုးတာတွေ လုပ်နေတယ်။ ကျုပ်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်လို့ သူပြောတာတွေက သတင်းခေါင်းစည်းတွေ ဖြစ်သွားတာ ပုံမှန်ပါ။
ဒီမှာ ကစားလာတာ ကြာပါပြီ။ အခြေအနေဆိုးကို အမှန်တကယ် သိဖို့ လိုတယ်။ နည်းပြက ကျွန်တော်တို့ကို ပိုကောင်းစေချင်လို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး ပြောနေစရာ မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။
အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အိုးထရက်ဖို့ဒ်မှာ အစ္စဝှစ်ချ်အား ဧည့်ခံကစားရပါမယ်။