အထုတ်ပယ်ခံရဖို့ ရေပန်းစား အစားဆုံး ပရီးမီယားလိဂ် နည်းပြများ စာရင်းမှာ အမ်မိုရင်း ပါဝင်
ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေအပြီးမှာ သရေ၊ အရှုံးရလဒ်တွေနဲ အခြေမလှဖြစ်ခဲ့ကြတဲ့နောက် ကြီး ၆ ကြီး စာရင်းဝင် ကလပ် အသင်းတွေရဲ့ နည်းပြတွေဟာ ရာထူးနေရာအတွက် အာမခံချက် လျော့နည်းလာနေပါပြီ။
အစ်ဝစ်ချ်ကို အနိုင်ရပြီး တော့တင်ဟမ် စပါးအသင်း အမှတ်ပေးဇယား အဆင့် ၁၂ နေရာသို့ တက်လာလတာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရမယ် ရေပန်းစားနေတဲ့ နည်းပြ ပိုစတီဂိုဂလူအတွက် စိတ်သက်သာရာ ရစေပါလိမ့်မယ်။
ဒါပေမယ့်လည်း ဒီရာသီအတွင်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြစာရင်းမှာ ပိုစတီဂိုဂလူက ချယ်ဆီးနည်းပြ မာရက်စ်ကာနဲ့ ယူနိုက်တက်နည်းပြ အမ်မိုရင်းတို့ရဲ့ အထက်မှာ ရှိနေဆဲဖြစ်ပါတယ်။
အဲဗာတန်ကို ၂-၂ သရေ ကျပြီးနောက် မန်ချက်စတာ ယူနိုက်တဟာ တန်းဆင်းဇုန် အထက်နားမှာ ရှိနေပြီး တိုးတက်ရိပ် မမြင်ရတဲ့ အမ်မိုရင်းဟာလည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလေးပေးခံရမှု ပိုများလာပါတယ်။
သူ့ထက် ပိုဆိုးလာသူကတော့ အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့ခြင်းကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာဖြစ်နေတဲ့ ချယ်ဆီးအသင်းရဲ့ နည်းပြ မာရက်စ်ကာဖြစ်ပါတယ်။
လတ်တလောမှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- နစ္စတယ်ရွိုင်း (လက်စတာ)
- ပိုစတီဂိုဂလူ (စပါး)
- မာရက်စ်ကာ (ချယ်ဆီး)
- အိုင်ဗန် ဂျိုရစ် (ဆောက်သမ်တန်)
- အမ်မိုရင်း (ယူနိုက်တက်)