ဖာနန်ဒက်စ် က ယူနိုက်တက် ခေါင်းဆောင် ပီသစွာ အရေးပါတဲ့သူ ဖြစ်ကြော်း နည်းပြ အမိုရင် ချီးကျူး

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ပြီးခဲ့တဲ့ရက် အဲဗာတန်နဲ့ ပွဲမှာ ယူနိုက်တက်တို့ နှစ်ဂိုးပြတ် ရှုံးနေရာ ကနေ သရေတစ်မှတ်ပြန်လည် ရယူနိုင်ခဲ့ခြင်းမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က များစွာ ပါဝင်ပတ်သက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အဲဗာတန် အသင်းကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ၂ ဂိုးပြတ် အရင်ဆုံး ရှုံးနေခဲ့ရပြီး ဖာနန်ဒက်စ်ရဲ့ ဖရီးကစ် ချေပဂိုးအပါအဝင် အူဂတ်တီရဲ့ မိနစ် ၈၀ ချေပဂိုးကြောင့် သရေတစ်မှတ် ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

အမိုရင်က “ သူက သူ ကစားရတဲ့ နေရာတိုင်း အရေးပါတဲ့သူပါ၊ ခက်ခဲတဲ့ အချိန်ရောက်တိုင်း သူတစ်ခုခု လုပ်နိုင်စွမ်းရှိပါတယ်၊ သူက ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိုင်ပြီး ဒါက အသင်းအတွက် အတော်လေး အရေးပါလွန်းခဲ့ပါတယ်။

သူကခေါင်းဆောင်တစ်ယောက်ပါ၊ သူက အသင်းအတွက် ချေပဂိုးစသွင်းပေးခဲ့သလို အသင်းအတွက် သရေတစ်မှတ်ရဖို့ အသင်းကို ကူညီပေးခဲ့ပါတယ်၊ တကယ်တော့ အသင်းက သုံးမှတ်လိုအပ်နေခဲ့တာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ယခုတစ်ခေါက် သရေပွဲကြောင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်မှ အစ်ဝှစ်ချ်နဲ့ ရမှတ် ၁၃ မှတ်သာ ကွာဟနေတာကြောင့် တန်းဆင်းရမယ့် အန္တရယ်နဲ့ အပြည့်အဝ မလွတ်ကင်းသေးတာတော့ အမှန်ပါပဲ။