မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးကို စာချုပ်ဖျက်သိမ်းလိုက်ဖို့ ပရိသ-တ်တွေ တောင်းဆို
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက မက်ဂွိုင်းယားကို လူမှုကွန်ရက်တွေပေါ်မှာ ပြစ်တင် ဝေဖန်နေပြီး စာချုပ်ဖျက်လိုက်ဖို့ပါ တောင်းဆိုနေကြပါတယ်။
အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက်ဟာ ခံစစ်ကစားသမား ဟယ်ရီ မက်ဂွိုင်းယားရဲ့ ညံ့ဖျင်းတဲ့ ခံစစ်ကစားပုံကြောင့် ပေးဂိုး(၂)ဂိုးကို ခွင့်ပြုပေးခဲ့ရတာပါ။
ဘက်တိုနဲ့ ဒူကူရေးတို့က အဲဗာတန်အတွက် ဂိုးတွေသွင်းယူခဲ့ပြီး ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး မက်ဂွိုင်းယားဟာလည်း ဘယ်ဂိုးကိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။

ဒုတိယဂိုးမှာတော့ မက်ဂွိုင်းယားဟာ ဂျက် ဟယ်ရီဆန်ကို သေချာလူမကပ်ထားနိုင်သလို ဒူကူရေးကလည်း သူ့ကို ကျော်ဖြတ်ပြီး ခေါင်းတိုက်ဂိုး သွင်းယူသွားတာကြောင့် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။
ဒေါသထွက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ X (Twitter) မှာ ပထမပိုင်းအပေါ် တုံ့ပြန်ခဲ့ကြပါတယ်။
@Sean_LUHG က “နောက်ပြောင်နေတာ မဟုတ်ဘူး။ မက်ဂွိုင်းယားရဲ့ စာချုပ်ကို ပထမပိုင်းပြီးချိန်မှာပဲ ဖျက်သိမ်းလိုက်ပါ။ လုံးဝ ရှက်စရာပဲ” လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ @AlexCTurk က “ဘာလို့ ဒီနောက်ခံလူတွေက ဒီလိုကြီး ရပ်ကြည့်နေကြတာလဲ။ ဟယ်ရီ မက်ဂွိုင်းယား ဘာလုပ်နေတာလဲ။ ဒါတွေက အခြေခံအချက်တွေပါ။ ဒါက ယုံကြည်နိုင်စရာ မရှိလောက်အောင် ရယ်စရာကောင်းလွန်းတယ်” လို့ ရေးသားခဲ့ပါတယ်။
@AmorimBalll_ က “ဟယ်ရီ မက်ဂွိုင်းယား… အရှက်ကွဲစရာပဲ” လို့ ပြောပါတယ်။
@DarcySutherland က “မကြာသေးခင်က ပြန်လည်ကောင်းမွန်လာမှု ဆက်လက်ဖြစ်ပေါ်နေတာကို ဝမ်းသာလို့ မဆုံးသေးဘး” လို့ ရေးသားခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားဆီကနေ လုံးဝ ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစစ်ကစားပုံ နောက်တစ်ကြိမ် ထပ်တွေ့ရပါပြီ။” လို့ ရေးသားထားကြပါတယ်။
မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး အမော်ရင်ရဲ့ နောက်ခံလူ သုံးယောက်တန်းမှာ နောက်ဆုံး(၁၃)ပွဲမှာ (၁၁)ပွဲ ပါဝင်ကစားခဲ့ပါတယ်။
ဒါပေမယ့် ဂူဒီဆန်မှာ ရုန်းကန်ခဲ့ရတာကြောင့် မန်ချက်စတာရဲ့ ခံစစ်မှာ သူ့ရဲ့ သင့်လျော်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ပိုမိုထွက်ပေါ်လာစေပါလိမ့်မယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာက (၂)ဂိုးစီနဲ့ သရေကျအောင် ပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် အနည်းငယ် သက်သာရာရခဲ့ပါတယ်။