ချီးကျူးခံရတာ မကြာသေးခင်ဘဲ ဖျ-က်ထုတ်ပုံ အကြ-မ်းကြောင့် ဝေ-ဖ-န်မှုတွေ ခံလာရပြန်တဲ့ အန်တိုနီ
မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ အန်တိုနီဟာ ရီးရဲဘက်တစ်မှာ အလွန်ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ညနေက ဂီတာဖေးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆိုးရွားတဲ့ဖျက်ထုတ်မှု ပြုလုပ်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။
ဘရာဇီးကြယ်ပွင့်ဟာ ရီးရဲဘက်တစ်ရဲ့ အဖွင့်ဂိုးမှာ အဓိကျတဲ့ အခန်းကဏ္ဌကနေ ပါဝင်ခဲ့ပြီး ဘက်တစ်ကွင်းဘက်ခြမ်းကနေ တဟုန်ထိုး ထိုးဖောက်ပြေးလွှားခဲ့ပြီးနောက် အစ္စကို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
၇၇ မိနစ်မှာ အစ္စကိုက ပင်နယ်တီကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဧည့်သည်တွေဟာ သက်တောင့်သက်သာနိုင်ပွဲ ရယူနိုင်တော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ ဘော်ဂျာ မာယော်ရယ်က ချေပဂိုး တဂိုး ပြန်သွင်းယူသွားခဲ့လို့ ရီးရဲဘက်တစ်တို့ အထိတ်တလန့်ဖြစ်ခဲ့ပြီး နာကျင်အချိန်ပိုမှာ အန်တိုနီနဲ့ ဒိုမင်ဂို ဒူယာတီတို့ ၂ ယောက်စလုံး အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒူယာတီက ပထမဆုံး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး အန်တိုနီက သိပ်မကြာခင်မှာပဲ ဂီတာဖေးနောက်ခံလူ ဟွမ် အစ်ဂလေးစီးယက်စ်ကို နောက်ကနေ လိုက်ပြီး မလိုအပ်ဘဲ ကြောက်မက်ဖွယ် ဖျက်ထုတ်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။
အင်္နတိုနီက သူအနီကတ်နဲ့ ထုတ်ခံရမယ်ဆိုတာကို သိနေတဲ့ ပုံနဲ့ ဒိုင်လူကြီးကို လှမ်းကြည့်ခဲ့ပြီး အနီကတ် ပြသခဲ့ချိန်မှာ လက်မထောင်ပြပြီးနောက် ကွင်းထဲကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။
ဒီအနီကတ်ကြောင့် အန်တိုနီဟာ နောက်လာမယ့် ရီးရဲမက်ဒရစ်နဲ့ အရေးကြီးပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပြီး ချီးကျူးလို့မှ မဆုံးသေးခင် ဗွေဖောက်လာတဲ့ အန်တိုနီကြောင့် ပရိသတ်တွေ စိတ်ရှုပ်ထွေးခဲ့ကြပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။