အသင်းသားတစ်ဦး မပါရင် မန်ချက်စတာ ယူနိုက်တက် က ချန်ပီယံရှစ် အသင်းလို လိဂ်ဝမ်း အသင်းလိုပဲ ဆိုတဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ တော်တော်ကြီးကို မလေးမစား ပြုမူ ခံနေရပြီး ဒါဟာ ပေါ်တူဂီသား အတွက် မမျှတဘူးလို့ ရီယို ဖာဒီနန်ကတော့ ထောက်ပြလာပါတယ်။

ဘရူနို ဖာနန်ဒက်စ်သာ မပါရင် မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံရှစ် အသင်းသာသာပဲ ရှိပြီး ကွင်းထဲက အသင်းဖော်တွေ လုပ်ပုံ မဟုတ်လို့သာ ၎င်းရဲ့ အပြုအမူတွေက ဝေဖန်စရာ ဖြစ်လာတယ်လို့ ဖာဒီနန်က မြင်ပါတယ်။

” ဘရူနို က တော်တော်ကြီးကို မလေးမစား ပြုမူခံနေရပါတယ်။ အားလုံးက သူဟာ အသင်းခေါင်းဆောင်လို မပြုမူဘူး၊ ပွဲ အပေါ် negatives တွေပဲ ဖြစ်စေတယ် ပြောနေကြတယ်။

လူတချို့ကကျ သူ့ရဲ့ body language တွေ ပြောတယ်။ ဟုတ်ပါတယ်.. သူ ပို ကောင်းအောင် လုပ်နိုင်သင့်တယ်။ ဒါပေမယ့် ဒေါကန်တာလေဗျာ.. စိတ်တိုနေမှတော့ ဘာတွေးနိုင်ဦးမလဲ။

နောက် ဝေဖန်မှု တစ်ခုကျ သူ ဘာကြောင့် အဲဒီလို ဖြစ်ရလဲ ကျွန်တော် နားလည်တယ်။ တခါတလေ သူ centre-half နေရာ ဆင်းပြီး ဘောလုံးယူဖို့ လုပ်နေတာ၊ တခါတလေ သူ ရှေ့တက်လွန်းတာ .. ဂိုးဧရိယာထဲ တိုးဝင်တာ စသဖြင့် ရူးမိုက်တဲ့ ကိစ္စတွေ လုပ်တယ်ပေါ့။

တခြားသူတွေက သူတို့ အလုပ် သူ လုပ်မယ် ဆိုရင် သူ ဝင်ပါစရာ လိုမယ် မထင်ဘူး။ သူတို့ မလုပ်တော့ ဘရူနိုက ဝင်ပါလာပြီး out of position ဖြစ်သွားတယ်။ ဒီကိစ္စလည်း သူ့အတွက် စိတ်မကောင်းဘူး။

ဘရူနိုသာ မပါရင် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံရှစ် အသင်းသာသာပဲ။ တခါတလေ ဆိုရင် လိဂ်ဝမ်း အသင်းလောက်ပဲ ရှီတယ်။ သူတို့မှာ ယုံကြည်မှုက မရှိ၊ ပြေးချင်သလို ပြေးလွှား ကစားနေတော့တာ။ ” လို့ ဖာဒီနန်က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။