ဒေါက-န်ရတာတွေ ရှိပေမယ့် အစ်ဆွစ်ချ်နဲ့ပွဲ ယူနိုက်တက် ကစားပုံကို ကျေနပ်နေတဲ့ နည်းပြ အမ်မိုရင်း သဘောထား

မန်ချက်စတာ ယူနိုက်တက်ဟာ အစ်ဝစ်ချ် ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရာ ၃-၂ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။

ယူနိုက်တက် နိုင်ပွဲဟာ ထင်သလောက် မရိုးရှင်းပဲ မိနစ် ၄၃ မှာ ဒေါ်ဂူ ထုတ်ပယ်ခံရပြီး ဒုတိယပိုင်း တစ်ပိုင်းလုံး ၁ဝ ယောက်တည်းနဲ့ ပြိုင်ဘက်ကို ယှဉ် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ ဒီပွဲ ကစားပုံကို ဝက်စ်ဟမ်းနဲ့ပွဲ လို မဟုတ်ဘဲ ကျေနပ်မှု ရှိပြီး ဒီလို နိုင်ပွဲရတဲ့ အခိုက်အတန့်ကို အောင်ပွဲခံကြဖို့ သူ့ အသင်းသားတွေအား ခွင့်ပြု တိုက်တွန်းခဲ့ပါတယ်။

အမ်မိုရင်းက ” ဒီနေ့ပွဲ ကျွန်တော် စိတ်မတိုပါဘူး။ တစ်ဂိုး ပေးလိုက်ရတာနဲ့ အမှားတစ်ခု လုပ်လိုက်တာတွေ ရှိလို့ နည်းနည်းတော့ စိတ်တိုရတာ ရှိပေမယ့် ဒါတွေက ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဒီနေ့ပွဲ ပထမ မိနစ်က စလို့ ကစားသမားတွေက ကောင်းကောင်း ကစားတယ်၊ ကြိုးစားတယ် ဆိုတာ တွေ့ရတယ်။

ကျွန်တော်တို့ ၂ ဂိုး သွင်းပြီးမှ တစ်ယောက် ထုတ်ပယ်ခံရတယ်။ ဒါက ပွဲကို နည်းနည်း ပြောင်းလဲသွားစေတယ်။ ဒါပေမယ့် ကစားသမားတွေက တိုက်လိုခိုက်လို စိတ်ကို ပြသခဲ့တယ်။

ပရိသတ်တွေရှိနေတာကလည်း အများကြီး အကူအညီ ဖြစ်တယ်။ ဒီတော့ ဒီနေ့ပွဲက ၃ မှတ် ပြည့် ရဖို့ ထိုက်လည်း ထိုက်တန်တယ်လို့ ကျွန်တော် မြင်တယ်။

ဒီလို အခိုက်အတန့် ဆိုတာ ခက်ခဲတဲ့ အခိုက်အတန့်ကို ဖြတ်သန်း ပြီး ရလာတာ ဖြစ်လို့ အောင်ပွဲကို ပျော်ပျော်ရွှင်ရွှင် ခံစားကြပါ။ ပြီးမှာ နောက်တစ်ပွဲကို ဆက် စဉ်းစားကြတာပေါ့။ ” လို့ ပွဲအပြီး TNT Sports မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီအပတ် weekend မှာတော့ ဖူလ်ဟမ် အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။