နည်းပြ အမိုရင် နည်းစနစ်က သိပ်မဟန်ကြောင်း အရိပ်အမြွက် ဖွင့်ဟလာတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ အသင်းနည်းပြ အမိုရင်ရဲ့ နည်းစနစ်တွေကို စိုးရိမ်နေမိကြောင်း အရိပ်အမြွတ် ဖွင့်ဟသွားခဲ့ပါတယ်။

အမိုရင်ဟာ ၎င်းရဲ့ လက်စွဲ ၃-၄-၃ ကစားဟန်ကို ဆက်လက်ကျင့်သုံးနေပေမယ့် မန်ယူအသင်းသားတွေနဲ့ အသားကျဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ဖာနန်ဒက်စ်ဟာ တိုက်စစ်အားသန် ကစားသမားတစ်ယောက် ဖြစ်ပေမယ့် အမိုရင်ရဲ့ ကစားကွက်အရ ခံစစ်ကိုသာ ပိုမို လိုက်ကူကစားပေးနေရပြီး အဆိုပါ ကစားဟန်က အောင်မြင်ဖို့ အခက်တွေ့နေကြောင်း ယုံကြည်နေပါတယ်။

ဖာနန်ဒက်စ်က “ လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တဲ့အတိုင်း တကယ့်ပွဲမှာ ကစားနိုင်ဖို့ လိုအပ်နေပါသေးတယ်၊ လက်ရှိ အနေအထားအရတော့ သိပ်တော့ အလုပ်မဖြစ်သေးပါဘူး၊ အသင်းနည်းပြ ဘက်က ဖြစ်စေချင်တာ ရှိနေပေမယ့် ဖြစ်မလာနိုင်သေးပါဘူး၊ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်ပွဲစဉ်မှာတော့ ဖူဟမ်နဲ့ အက်ဖ်အေပွဲ ကစားရဖို့ ရှိနေပြီး ယူရိုပါလိဂ်မှာ ဆိုစီဒက် နဲ့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ဆက်လက် ကစားရဖို့ ရှိနေပါတယ်။