ဒီည မန်ချက်စတာ ယူနိုက်တက် – ဖူလ်ဟမ်တို့ FA ပွဲက ဘယ်လိုရလဒ် ထွက်မလဲ အလန်ရှီးယားရဲ့ ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်၊ ကွာတားဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။
နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် – ဖူလ်ဟမ်
ဒီပွဲကလည်း မှန်းရခက်တဲ့ ပွဲ တပွဲပါ။ ကျွန်တော် ဘီဘိစီအတွက် ပူးတွဲပွဲစီစဉ်တင်ဆက်သူလုပ်ဖို့ အိုးထရက်ဖို့ဒ်မှာ ရှိနေမှာပါ။
ကျွန်တော် အစ်ပ်ဆွစ်ချ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပထမပိုင်းကို ကြည့်ခဲ့ပြီး နောက်ထပ်တကြိမ် သူတို့တွေ ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။
ဒီပွဲက မှန်းရခက်ပါတယ်။ ပရိသတ်တွေအတွက် ရှည်လျားတဲ့ ညနေတခု ဖြစ်လာမှာပါ။ မန်ယူနိုက်တက်ခြေစွမ်းကို သဘောမကျပါဘူး။
သူတို့တွေက ခုအချိန်မှာ တကယ် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပြီး ဧည့်သည်တွေကပဲ အနိုင်ရသွားပါလိမ့်မယ်။ ဖူဟမ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်။