နည်းပြ ပိုချက်တီနိုရဲ့ အရည်အသွေးကို သံသယရှိနေပြီး မေးခွန်းထုတ်ခဲ့တဲ့ မက်ဆီ
ပီအက်စ်ဂျီ တိုက်စစ် ကစားသမား မက်ဆီ ဟာ အသင်းမှာ နည်းပြ ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းအပေါ် သံသယ ရှိလာခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လန်းစ်နဲ့ ပြင်သစ်လီဂူးပွဲမှာ သရေကျခဲ့တဲ့ပွဲအပြီး မက်ဆီက ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းကို မေးခွန်း ထုတ် ဝေဖန်ခဲ့တယ်လို့သိရပြီး ဒီအာဂျင်တီးနားလူမျိုးနည်းပြက အသင်းကို ဆွဲတင်နိုင်စွမ်းရှိ၊ မရှိကိုလည်း မက်ဆီက သံသယဖြစ်နေတာပါ။

မက်ဆီနဲ့ပိုချက်တီနိုတို့အကြား အကြိတ်အခဲတွေ ရှိနေတယ်လို့ အရင်တည်းက သတင်းတွေထွက်ခဲ့ပေမယ့် ပိုချက်တီနို ကတော့ မက်ဆီကို အမြဲတမ်း ကာကွယ်ပေးခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားကလည်း မက်ဆီသာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် မက်ဆီဘက်ကတော့ ဒီလိုမဟုတ်ဘဲ ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းနဲ့ လူထုတ်ပုံတွေအပေါ် မယုံကြည်နိုင် ဖြစ်နေပြီး နည်းပြအပေါ် အထင်ကြီး လေးစားမှုမရှိဘူးလို့လည်း သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
အခြားသောသတင်းတွေအရလည်း ပိုချက်တီနိုအနေနဲ့ အဝတ်လဲခန်းအတွင်းမှာ မက်ဆီအပြင် အခြားသော ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကိုပါ ဆုံးရှုံးသွားပြီလို့ သိရှိရပါတယ်။
ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းတွေက အလွန်အကျူး ပြောင်းလွယ် ပြင်လွယ်ဖြစ်နေတဲ့အပေါ် ကစားသမားတွေက မကျေမနပ် ဖြစ်နေကြပြီး ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် အသင်းက တိုးတက်လာမယ်လို့လည်း မယုံကြည်တော့ကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ ရဲ့ လတ်တလောရလဒ်တွေကလည်း အကျဘက်ကို ယိမ်းယိုင်နေခဲ့ပါပြီ။ အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိခဲ့ပြီး လန်းစ်၊ နိုက်စ်တို့နဲ့သရေကျခဲ့ကာ မန်စီးတီးကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ပီအက်စ်ဂျီ အနေနဲ့ လက်ရှိ ပြင်သစ်လီဂူးအမှတ်ပေးဇယားမှာ (၁၇) ပွဲ ကစား၊ (၄၂) မှတ်နဲ့ အဆင့် (၁) မှာ ရပ်တည် နေပေမယ့် ပြည်တွင်းမှာသူတို့ကို ယှဉ်နိုင်တဲ့ အသင်း မရှိတာကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။

ZG
ပီအက္စ္ဂ်ီ တိုက္စစ္ ကစားသမား မက္ဆီ ဟာ အသင္းမွာ နည္းျပ ပိုခ်က္တီႏိုရဲ႕ နည္းစနစ္ပိုင္းအေပၚ သံသယ ရွိလာခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ လန္းစ္နဲ႔ ျပင္သစ္လီဂူးပြဲမွာ သေရက်ခဲ့တဲ့ပြဲအၿပီး မက္ဆီက ပိုခ်က္တီႏိုရဲ႕ နည္းစနစ္ပိုင္းကို ေမးခြန္း ထုတ္ ေဝဖန္ခဲ့တယ္လို႔သိရၿပီး ဒီအာဂ်င္တီးနားလူမ်ိဳးနည္းျပက အသင္းကို ဆြဲတင္ႏိုင္စြမ္းရွိ၊ မရွိကိုလည္း မက္ဆီက သံသယျဖစ္ေနတာပါ။
မက္ဆီနဲ႔ပိုခ်က္တီႏိုတို႔အၾကား အႀကိတ္အခဲေတြ ရွိေနတယ္လို႔ အရင္တည္းက သတင္းေတြထြက္ခဲ့ေပမယ့္ ပိုခ်က္တီႏို ကေတာ့ မက္ဆီကို အၿမဲတမ္း ကာကြယ္ေပးခဲ့သလို ကမာၻ႔အေကာင္းဆုံး ကစားသမားကလည္း မက္ဆီသာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။
ဒါေပမယ့္ မက္ဆီဘက္ကေတာ့ ဒီလိုမဟုတ္ဘဲ ပိုခ်က္တီႏိုရဲ႕ နည္းစနစ္ပိုင္းနဲ႔ လူထုတ္ပုံေတြအေပၚ မယုံၾကည္ႏိုင္ ျဖစ္ေနၿပီး နည္းျပအေပၚ အထင္ႀကီး ေလးစားမႈမရွိဘူးလို႔လည္း သတင္းေတြထြက္ေပၚလာခဲ့တာပါ။
အျခားေသာသတင္းေတြအရလည္း ပိုခ်က္တီႏိုအေနနဲ႔ အဝတ္လဲခန္းအတြင္းမွာ မက္ဆီအျပင္ အျခားေသာ ကစားသမားေတြရဲ႕ ယုံၾကည္မႈနဲ႔ ေလးစားမႈကိုပါ ဆုံးရႈံးသြားၿပီလို႔ သိရွိရပါတယ္။
ပိုခ်က္တီႏိုရဲ႕ နည္းစနစ္ပိုင္းေတြက အလြန္အက်ဴး ေျပာင္းလြယ္ ျပင္လြယ္ျဖစ္ေနတဲ့အေပၚ ကစားသမားေတြက မေက်မနပ္ ျဖစ္ေနၾကၿပီး ဒီတိုင္း ဆက္သြားေနမယ္ဆိုရင္ အသင္းက တိုးတက္လာမယ္လို႔လည္း မယုံၾကည္ေတာ့ေၾကာင္း သိရပါတယ္။
ပီအက္စ္ဂ်ီ ရဲ႕ လတ္တေလာရလဒ္ေတြကလည္း အက်ဘက္ကို ယိမ္းယိုင္ေနခဲ့ပါၿပီ။ အသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၄) ပြဲမွာ (၁) ပြဲသာ အႏိုင္ရရွိခဲ့ၿပီး လန္းစ္၊ ႏိုက္စ္တို႔နဲ႔သေရက်ခဲ့ကာ မန္စီးတီးကို ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီ အေနနဲ႔ လက္ရွိ ျပင္သစ္လီဂူးအမွတ္ေပးဇယားမွာ (၁၇) ပြဲ ကစား၊ (၄၂) မွတ္နဲ႔ အဆင့္ (၁) မွာ ရပ္တည္ ေနေပမယ့္ ျပည္တြင္းမွာသူတို႔ကို ယွဥ္ႏိုင္တဲ့ အသင္း မရွိတာကိုလည္း ထည့္သြင္း စဥ္းစားရမွာျဖစ္ပါတယ္။