ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့ အမေရိကန်မှာ ရာသီကြို ခြေစွမ်းပွဲ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်
March 11, 2025 | | No Comments
မန်ချက်စတာ ယူနိုက်တက်က ယခုနွေရာသီ အမေရိကန် ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်အတွင်း ပရီးမီးယားလိဂ် အသင်း ၃ သင်းနှင့် ခြေစမ်းပွဲ ကစားလာမှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ယူနိုက်တက်ဟာ ဇူလိုင်လမှ ဩဂုတ်လအတွင်း မြောက်အမေရိကသို့ သွားရောက်လာမှာ ဖြစ်ပြီး ၃ နှစ်ဆက် အမေရိကန်ရာသီကြိုခရီးစဉ်ဖြစ်လာပါမယ်။
၎င်းတို့ဟာ နွေရာသီ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်းမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နှင့် ခြေစမ်းလာပါမယ်။
ယူနိုက်တက်ဟာ ခါရာဘောင်ဖလား၊ အက်ဖ်အေဖလားတို့မှ ထွက်ထားရသလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
၎င်းတို့ဟာ လာမယ့် ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်ရေး လိုအပ်နေပါတယ်။