ဟွိုင်လန်းက တောက်ပလာမယ့် တိုက်စစ်မှုး လို့ ယုံကြည်ကြောင်း ထောက်ခံပေးလိုက်တဲ့ ရွန်းနီ
မန်ချက်စတာ ယူနိုက်တက်မှာ တိုက်စစ်မှုး ဟွိုင်လန်း ကတော့ ဖြစ်ထွန်းမလာတဲ့ သူ တစ်ယောက် အဖြစ် ဝေဖန် ပြောဆိုမှုတွေ များစွာ ခံယူနေရပါတယ်။
သရဲနီ တိုက်စစ်မှုးဟောင်းကြီး ဝိန်း ရွန်းနီကတော့ ဟွိုင်လန်း ဟာ အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့်သာ အခုလို ရုန်းကန်နေရတာ ဖြစ်ပြီး တောက်ပလာမယ့် သူ လို့ ယုံကြည်မှု ရှိနေပါတယ်။
“ကျွန်တော် ကတော့ ဟွိုင်လန်း အပေါ်မှာ ယုံကြည်မှု ရှိပါတယ်။ သူက ကြိုးစားတဲ့ ကစားသမားကောင်း တစ်ယောက်ပါ။ သူ့အနေနဲ့ ဂိုးတွေ စသွင်းနိုင်ဖို့ ကံဖေးမမှု အချို့တော့ လိုအပ်နေပါတယ်။
ပြီးတော့ အခု အသင်းရဲ့အနေအထားကလည်း သူ့ကို ဂိုး အရနည်းစေဖို့ ဖြစ်လာနေစေတာပါ။ တိုက်စစ်မှုး တစ်ယောက် ၊ နံပါတ် ၉ ကစားသမားတစ်ယောက် ဆိုတာက အသင်းဖော်တွေကို အများကြီး မှီခိုရပါတယ်။
မန်ချက်စတာယူနိုက်တက်က ပြိုင်ဘက်အသင်းကို လွှမ်းမိုးထားပြီး တပွဲကို အခွင့်အရေး ၁၀ ကြိမ်လောက် ဖန်တီးပေးနိုင်တဲ့အသင်းမျိုး မဖြစ်နေပါဘူး။ ဒီလိုအခြေအနေတွေ၊ သူကိုယ်တိုင်ရဲ့ အားနည်းချက်တွေနဲ့ ကံမကောင်းမှုတွေက ဟွိုင်လန်းကို အခုလိုဝေဖန်ခံနေရစေတာပါပဲ။
ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ယုံကြည်ပါတယ်။ ” လို့ ဝိန်း ရွန်းနီ က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။