နွေမှာ ရက်ဖို့ဒ်ကို ရောင်းချနိုင်ရေးအတွက် ကစားသမားကို လျေ-ာ်ကြေ-း သက်သက် ပေးရဖွယ် ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနွေရာသီတွင် မားကပ်စ်ရက်ဖို့ဒ်အား အသင်းမှ ထွက်ခွာလာစေဖို့အတွက် ပေါင်သန်း ၂၀ အထိ ပေးလာရဖွယ် ရှိနေပါတယ်။

နည်းပြ အေမိုရမ်လက်အောက်မှာ နေရာပျောက်နေခဲ့တဲ့ အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဆောင်းရာသီတုန်းက ရာသီအကုန်အထိ ဗီလာသို့ အငှားဖြင့် သွားရောက်ကစားနေသူ ဖြစ်ပါတယ်။

သူဟာ ဗီလာသို့ ပြောင်းလာပြီးနောက် ၅ ပွဲကစားထားပါတယ်။ ဒါပေမဲ့ ဂိုးတော့ သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။
ရက်ဖို့ဒ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီကမှ ယူနိုက်တက်နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားတာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိထားပါတယ်။

ဒါပေမဲ့ Daily Mail ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ ရက်ဖို့ဒ်ကို ဗီလာသို့ ရောင်းချနိုင်ရေးအတွက် ပေါင်သန်း ၂၀ ပေးလာရဖို့ ရှိနေပါတယ်။

ဗီလာဟာ ရက်ဖို့ဒ်ရဲ့ အငှားစာချုပ်မှာ ပေါင် သန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူနိုင်မဲ့အချက်အား ထည့်သွင်းချုပ်ဆိုထားပါတယ်။ ဒါပေမဲ့ ဗီလာဟာ ရက်ဖို့ဒ်ရဲ့ တစ်ပတ်လုပ်ခပေါင် ၃၂၅၀၀၀ ကို ပေးလာနိုင်ဖို့တော့ မရှိပါဘူး။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဗီလာသို့ ရောင်းချနိုင်ရန်အတွက် ရက်ဖို့ဒ်အား ပေါင်သန်း ၂၀ နစ်နာကြေးပေး ရနိုင်ပါတယ်။