နည်းပြ အမ်မိုရင်း အကြိုက် ကစားသမား ပြန်လာပါပြီ၊ လေ့ကျင့်ခန်းလည်း ပြန်ဆင်းနေပါပြီ
ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ မေဆင်မောင့်ဟာ ယူနိုက်တက်အသင်းဖော်များနှင့်အတူ အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာတော့မှာ ဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ချဲလ်ဆီးမှ ပြောင်းလာပြီးနောက် ယူနိုက်တက်တွင် ဒဏ်ရာပြဿနာများနှင့် ကြုံလာရသူ ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာပြဿနာများကြောင့် ယူနိုက်တက်အတွက် ၃၂ ပွဲတည်းသာ ကစားထားနိုင်ကာ ၁ ဂိုးတည်းသာ သွင်းထားနိုင်သလို ၁ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။

သူဟာ နောက်ဆုံးအကြိမ် ဒဏ်ရာရရှိခဲ့တာ ဒီဇင်ဘာလတုန်းက မန်ချက်စတာဒါဘီပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တာပါ။
The Athletic ရဲ့ ဖော်ပြမှုအရ အင်္ဂလန်အလယ်တန်းကစားသမားဟာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းပြီ ဖြစ်ကြောင်း သိရပါတယ်။ မောင့်ဟာ နည်းပြ အမ်မိုရင်း သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ကြာသပတေးနေ့ည ဆိုစီဒက်အား ဧည့်ခံကစားရမဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပါဝင် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
ယူရိုပါလိဂ် ပွဲပြီးရင်တော့ ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်စတာနှင့် ပရီးမီးယားလိဂ်ပွဲကစားရပါမယ်။