ဂိုးသွင်း ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်၊ ဆရာဝန် ၂ဦး နှုတ်ထွက်ခြင်း၊ ဇက်ဇီးကို မရွေးတော့တဲ့ နယ်သာလန်၊ အေမိုရမ် လျေ-ာ်ကြေးနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
အငှားထွက် ကစားနေတဲ့ တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်ကတော့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ အဆန်စီယိုအတွက် သွင်းဂိုးကို ဖန်တီးပေးပြီး အက်စ်တွန်ဗီလာအတွက် ထပ်မံခြေစွမ်းပြခဲ့ပါတယ်။
ယူနိုက်တက် မှာတုန်းက ဝေဖန်မှုတွေ အလူးအလဲခံရပြီး ရုန်းကန်ရခဲ့တဲ့ အင်္ဂလန်သားဟာ ဗီလာမှာတော့ ပရိသတ်ရဲ့အချစ်တွေကို အချိန်တိုအတွင်း ရယူနိုင်ခဲ့သလို ၉ ပွဲကစားပြီးချိန်မှာ ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားပါတယ်။
အာဆင်နယ်အကယ်ဒမီထွက် ဗဟိုနောက်ခံကြယ်ပွင့်လေး ဟဲဗန်းဟာ ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ရဲ့ ကမ်းလှမ်းမှု ရတဲ့ကြားက မန်ချက်စတာ ယူနိုက်တက် ကိုသာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ကစားသမားဘဝအတွက် အကောင်းဆုံးတွေကို ယူနိုက်တက်ကသာ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့လို့သာ သရဲနီတွေနဲ့ ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး ဇက်ဇီးဟာ အခုလောလောဆယ် လက်ရွေးစင်အသင်းမှာ ကစားနိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိသေးဘူးလို့ နယ်သာလန်အသင်း နည်းပြ နည်းပြရော်နယ်လ်ကိုးမန်းက ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ဇက်ဇီးဟာ လာမဲ့ Nations League ပွဲတွေအတွက် နယ်သာလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ယူနိုက်တက်ရဲ့ အားကစားဆေးဘက်ဆိုင်ရာ အကြီးအကဲ ဂယ်ရီအိုဒရက်စ်ကိုးလ်နှင့် ပထမအသင်း ဆရာဝန် ဂျမ်မိုဇမ်တို့ဟာ ကလပ်မှ နုတ်ထွက်လာကြပါတယ်။
၎င်းတို့ဟာ မထင်မှတ်ဘဲ ရာထူးမှ ထွက်ခွာလာကြပေမဲ့လည်း ယင်းနုတ်ထွက်မှုက ကလပ်ရဲ့ ဝန်ထမ်းလျှော့ချမှုနှင့် သက်ဆိုင်ခြင်း မရှိပါဘူး။ လက်ရှိမှာတော့ ယူနိုက်တက်က အစားထိုးနိုင်မဲ့သူ ရှာဖွေနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီတွင် နည်းပြ ရူဘင်အေမိုရမ်ကို ထုတ်ပယ်မည်ဆိုပါက နစ်နာကြေး ပေါင် ၁၂ သန်းအထိ ပေးလာရဖို့ ရှိနေပါတယ်။