လေးစားစရာ အားကစားသမား စိတ်ဓာတ်ကို ပြသခဲ့လို့ အားလုံး ချီးကျူတာ ခံနေရတဲ့ ပက်ထရစ် ဒေါ်ဂူ

ယူနိုက်တက် ကစားသမား ပက် ထရစ် ဒေါ်ဂူ ကတော့ တကယ့်ကို လေးစားစရာကောင်းတဲ့ အားကစားသမားစိတ်ဓာတ်ပြသ ခဲ့ပါတယ်။

ညကပွဲမြှ မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဆိုစီဒက်ကို ၂-၁ ဖြင့် ဦးဆောင်ထားချိန်၊ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဖြစ်နေချိန်မှာ ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပင်နယ်တီက ဒီပွဲရဲ့ တတိယမြောက်ပင်နယ်တီလည်း ဖြစ်ပါတယ်။ ပက်ထရစ်ဒေါ်ဂူကို ဟာမာရီထရာအိုရီက ပြစ်ဒဏ် ကျူးလွန်မှုကနေ ဒိုင်လူကြီးဘီနွိုက်ဘာစတီယန်က ပင်နယ်တီပေးခဲ့တာပါ။

ဒီပင်နယ်တီကို VAR ကလည်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်စတာ ဒေါ်ဂူ ကိုယ်တိုင်က ဒီပင်နယ်တီ မပေးသင့်ဘူးဆိုပြီး သူကိုယ်တိုင်ပဲ ရိုးသားစွာ ဒိုင်လူကြီးကို အသိပေးခဲပါတယ်။

အသက် ၂၀ နှစ်ရှိ ဒေါ်ဂူဟာ ဒိုင်လူကြီးကို ပင်နယ်တီမဟုတ်ကြောင်း အမူအယာ ပြသခဲ့ပါတယ်။ VAR ကလည်း သဘောတူခဲ့ပြီး ပင်နယ်တီကို ပယ်ဖျက်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယင်းအဖြစ်အပျက်ပြီးနောက် နောက်ထပ် ၂ ဂိုးသွင်းပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဖြင့် ကွာတားဖိုင်နယ်သို့ တက်ခဲ့ပါတယ်။

ထပ်ပြီးတော့ ဂုဏ်ယူစရာကောင်းတာကတော့ ဒေါ်ဂူးရဲ့ ရိုးသားတဲ့ အပြုအမူဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်က “ဒါက ကောင်းတဲ့အရာပါ။ သူ့အတွက် ဂုဏ်ယူတယ်။ ဝ-၀ သို့မဟုတ် ကျုပ်တို့ ရှုံးနေရင် ကျုပ်ဆို ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး”လို့ ပြောကြားသွားပါတယ်။

ဘောလုံးက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အသင်းတိုင်း အနိုင်ရဖို့ နည်းလမ်းပေါင်းစုံ ကလိမ်ကကျစ် နည်းပေါင်းစုံ သုံးနေကြပါတယ်။

ပွဲ အနိုင်ရဖို့ ဘာမဆို လပ်ခဲ့ကြတာကိုလည်း ကျုပ်တို့တတွေ အတိတ်က ပွဲပေါင်းများစွာမှာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုမျိုး ရိုးသားစွာ ပင်နယ်တီငြင်းပယ်တာမျိုး မမြင်ဖူးတာ နှစ်တောင် အတော်အတန်ကြာခဲ့ပါပြီ။