လက်စတာကို အဝေးကွင်းမှာ ယူနိုက်တက် ဘယ်နှဂိုး သွင်းပြီး အနိုင်ယူမလဲ ဆရာကြီး ပေါမာဆန် ဟောကိန်းထုတ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ လက်စတာနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲကတော့ လာမယ့် တနင်္လာနေ့၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲ သုံသပ်နေကြ ဝါရင့် တစ်ဦး ြဖ်စတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ လက်စတာ – ယူနိုက်တက် ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ရဲ့ အာဆင်နယ်နဲ့ သရေပွဲက သိပ်ကြည့်လို့ ကောင်းခဲ့တာ မဟုတ်ဘူး။ သူတို့က ခံစစ် အထိုင်ချ ကစားပြီး ဘောလုံးကို တပွဲလုံး ဟိုပေး ဒီပေးနဲ့ အချိန်ကုန်နေတယ်။
ကောင်တာ တိုက်စစ်ဆင်ရင် မတူတဲ့ အသင်း ပုံပေါက်ပေမယ့် ကျွန်တော်သာ ယူနိုက်တက် ပရိသတ် ဆိုရင် ဒီလို ကစားပုံ အမြဲ မမြင်လိုပါဘူး။
အပတ်တိုင်း ယူနိုက်တက်ကို အနိုင်လို့ ရွေးချယ်ဖို့က အတော် ခက်ခဲတယ်။ ဒါပေမယ့် လက်စတာကလည်း အရမ်း ညံ့နေတယ်။ ဒီပွဲကနေ လက်စတာ ဘာမှ ရသွားမယ် မထင်ဘူး။
စပါးလိုပဲ ယူနိုက်တက်ကလည်း ယူရိုပါလိဂ် ကို ပို အားစိုက်သင့်ပါတယ်။ အဲဒီပြိုင်ပွဲကပဲ သူတို့ ရင်ခုန်စရာ ရှိတော့တယ်။ ဒီ လက်စတာနဲ့ ပွဲအတွက်တော့ အကယ်ဒမီ က လူငယ် ကစားသမားလေးတွေ စမ်း သုံးရင် ကောင်းမှာပဲ။” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ လက်စတာ ဝ-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။