ကြိုးစားမှု အသိအမှတ်ပြုခံရရာ အင်္ဂလန်လူစာရင်းထဲ ပြန် ရွေးချယ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်

တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ရဲ့ ဇွဲမလျှော့တမ်း ကြိုးစားမှုက သောမတ်စ် တူဟယ်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီဖြစ်ပြီး အက်စတန် ဗီလာမှာ အငှားနဲ့ သွားကစားနေတဲ့ သရဲနီကြယ်ပွင့်ဟာ အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။

တူဟယ်ဟာ ယနေ့နံနက်မှာ အယ်လ်ဘေးနီးယား၊ လတ်ဗီးယားတို့နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစမ်းပွဲအတွက် ပဏာမ ၂၃ ဦးလူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်ဟာ ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် မရခဲ့တဲ့အတွက် လူစာရင်းထဲက ချန်လှပ်ခံခဲ့ရပြီး ဗီလာကြယ်ပွင့်ဟောင်းဟာ ယာယီနည်းပြ လီးကာစလေလက်ထက်တုန်းက ပုံမှန်ပါဝင်ကစားပေးခဲ့ရပေမယ့် နိုဝင်ဘာလတုန်းက ဒဏ်ရာကြောင့် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်နောက်ခံလူ ဒန် ဘန်းနဲ့ အာဆင်နယ်နောက်ခံလူ မိုင်းစ် လူးဝစ္စ စကယ်လီတို့လည်း အင်္ဂလန်အတွက် ပွဲဦးထွက်ခွင့်ရဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။

သောမတ်စ် တူဟယ်ရဲ့ အင်္ဂလန်လက်ရွေးစင် ၂၃ ဦး လူစာရင်း

ဂိုး-ဒင်း ဟန်ဒါဆန်၊ ပစ်ဖို့ဒ်၊ ရမ်းစ်ဒေးလ်၊ ထရက်ဖို့ဒ်

ခံစစ်-ဒန် ဘန်းစ်၊ လီဗိုင်း ကိုဝီလ်၊ ဂေးဟီ၊ ရီးစ် ဂျိမ်းစ်၊ ခွန်ဆာ၊ မိုင်းစ် လူးဝစ္စ စကယ်လီ၊ လီဗရာမန်တို၊ ကွမ်ဆာ၊ ကိုင်လီ ဝေါ်ကာ

ကွင်းလယ်-ဘယ်လင်ဟမ်၊ အီဇီ၊ ဂျော်ဒန် ဟန်ဒါဆန်၊ ကာတစ် ဂျုံးစ်၊ ကိုး ပါလ်မာ၊ ဒီကလန် ရိုက်၊ မော်ဂန် ရော်ဂျာစ်
တိုက်စစ်-ရက်ရှ်ဖို့ဒ်၊ ဘိုဝင်၊ ဖိုဒန်၊ အန်သိုနီ ဂေါ်ဒွန်၊ ဟာရီ ကိန်း၊ ဆိုလန်ကီ