လက်စတာကို အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက် မနိုင်ဘူး ဟောကိန်းထုတ်လာတဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ လက်စတာစီးတီး နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ပွဲချိန်ကတော့ လာမယ့် တနင်္လာနေ့၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က မန်ချက်စတာ ယူနိုက်တက် – လက်စတာ ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” လက်စတာက တစ်ရာသီလုံး ခံစစ်ပိုင်း ရုန်းကန်နေခဲ့ရတာပါ၊ ဒီတလော သွင်းဂိုးတွေပါ ပျောက်ဆုံးလာတာက ပြသနာ ပိုကြီးလာတယ်။ သူတို့ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၅ ပွဲ ဆက်တိုက် ဂိုးမရသေးပါဘူး။ အဲဒီပွဲ အားလုံးကလည်း ရှုံးထားတယ်။

ပြောရရင် ယူနိုက်တက်ကလည်း သိပ်ကြီး ကောင်းနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အာဆင်နယ်နဲ့ ဒုတိယပိုင်းမှာ သူတို့ အတော် တိုးတက်လာတာ တွေ့ရတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာ အများကြီး လိုနေသေးတယ်။

ဒီလို တွေးမိတော့ ဒီပွဲ အကြိတ်အနယ် ရှိမယ် လို့ ထင်တယ်။ လက်စတာနဲ့ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားပွဲ ကန်တုန်းကလည်း ပွဲကောင်းခဲ့တယ်။ အဲဒီပွဲမှာ ပွဲပြီးခါနီး မက်ဂွဲရားရဲ့ ဂိုးနဲ့ ယူနိုက်တက် နိုင်ခဲ့တာ။

ဒီတကြိမ်လည်း အကြိတ်အနယ် ရှိဦးမှာပဲ။ ကျွန်တော်ကတော့ အမှတ် ခွဲယူသွားမယ်ပဲ ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ လက်စတာစီးတီး ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။