မခန့်သင့်တဲ့ နည်းပြ တစ်ဦးကို မန်ယူအသင်း ခန့်ခဲ့လို့ အခုထိ အခြေဆိုးသွားတာ လို့ ရက်ကလစ်ဖ် ပြောပြီ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်က ဆာအဲလက်စ် ဖာဂူဆန်လက်ထက်အပြီးမှာ ခန့်အပ်ခံခဲ့ရတဲ့ နည်းပြတစ်ဦးကို ဘယ်တုန်းကမှ မခန့်အပ်ခဲ့သင့်တဲ့သူလို့ ပြောဆိုခဲ့ပါတယ်။

ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလားအောင်မြင်မှုနဲ့အတူ ၂၀၁၃ ခုနှစ်မှာ နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ယာယီနည်းပြ၊ အမြဲတမ်း နည်းပြ ၁၀ ဦးအထိ ခန့်အပ်ခဲ့ပေမယ့်လည်း အရင်တုနိးက အောင်မြင်မှုမျိုး ပြန်ရအောင် မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ မကြာသေးမီကမှ အသင်းကို တာဝန်လွှဲပြောင်းရယူခဲ့ပြီးနောက် နည်းပြ အဲရစ် တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီး အမိုရင်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ မှားယွင်းခန့်အပ်မှုသမိုင်းဟာ ဖာဂူဆန်ရဲ့ထောက်ခံမှုနဲ့ အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့တဲ့ ဒေးဗစ် မိုရက်စ်က စတင်ခဲ့တာဖြစ်တယ်လို့ ဆာဂျင်မ် ရက်ကလစ်ဖ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မိုယက်စ်ကို သဘောကျပါတယ်။ သူက တကယ်တော်တဲ့နည်းပြလို့ ထင်ပါတယ်။ ဒါပေမယ့် ဆာအဲလက်စ် ဖာဂူဆန်မှာ ဒေးဗစ် မိုရက်စ်ကို ကျွန်တော်သာဆို ခန့်အပ်ခဲ့မှာမဟုတ်ပါဘူး။

မိုယက်စ်က ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရယူခဲ့တဲ့ ဖာဂူဆနိရဲ့နေရာမှာ ဆက်ခံခဲ့ရပြီး ဘယ်တုန်းကမှ နာမည်ကြီးကစားသမားတွေကို မကိုင်တွယ်ခဲ့ဖူးသလို ဘာဖလားမှလည်း မရခဲ့ဖူးတဲ့သူပါ။ သူက အဲဒီလို ကစားသမားတွေရှေ့မှာ ရပ်နိုင်လောက်တဲ့ ကိုယ်ရည်ကိုယ်သွေးမရှိပါဘူး။

ရီးရဲမက်ဒရစ်သာဆိုရင် အဲဒီလိုနည်းပြခန့်အပ်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှာမဟုတ်ပါဘူး။ ခင်ဗျား အသင်းတော်တော်များများကို ကြည့်လိုက်ရင် သင့်တော်တဲ့ နည်းပြတွေ အမြဲမရနိုင်ဘူး။

ဒါပေမယ့် သူတို့တွေ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်အမှုဆောင်ချုပ်နဲ့ အကောင်းဆုံးနည်းပြကို ရှာဖွေသင့်တယ်။ ဘာလို့လဲဆိုတာ့ မန်ယူနိုက်တက်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းမို့လို့ပါ၊ အဲဒီ ၂ နေရာစလုံးအတွက် သူတို့ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။