လက်စတာနဲ့ ပွဲမှာ ထိသွားတဲ့ အိုင်ဒန် ဟဲဗန်း ရဲ့ ဒဏ်ရာ အခြေအေန

မနေ့ညက လက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒဏ်ရာရခဲ့တဲ့ အိုင်ဒန် ဟဲဗန်းရဲ့ နောက်ဆုံး အခြေအနေထွက်ပေါ်လာခဲ့ပါတယ်။

ဟဲဗန်းဟာ ဇန်နဝါရီမှာ အာဆင်နယ်ကနေ ပြောင်းလာပြီးကတည်းက အထင်ကြီးစရာ ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲချိန်ပြည့် ပွဲဦးထွက်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဟဲဗန်းဟာ ပတ်ဆန် ဒါကာနဲ့ ဘောလုံး ယှဉ်လုရင်း ထိခိုက်မိခဲ့တာဖြစ်ပြီး ချက်ချင်း မြေကြီးပေါ်လဲကျပြီးနောက် နာကျင်မှုဝေဒနာကို ခံစားခဲ့ရတာဖြစ်ပါတယ်။

လူငယ်နောက်ခံကစားသမားဟာ ချက်ချင်းပဲ အရန်ခုံတန်းဘက်က်ု ဆေးကုသမှု ခံယူဖို့ လိုအပ်ကြောင်း အချက်လှမ်းပြခဲ့ပြီး ကွင်းထဲမှာ အချိန်အတော်ကြာ ကုသမှုတွေ ခံယူခဲ့ရပါတယ်။

စိတ်ပူစရာကောင်းစွာနဲ့ပဲ ဟဲဗန်းဟာ ထမ်းစင်နဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာ အမိုရင်က ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ပေးစရာသတင်းမရှိသေးဘဲ နောက်ထပ် စစ်ဆေးမှုတွေ လုပ်ပြီးမှပဲ ပြောနိုင်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အီးဗနင်းသတင်းထောက် တိုင်ရုန်း မာရှယ်က ဟဲဗန်းဟာ ကွင်းထဲကနေ အကာအကွယ်ဖိနပ်နဲ့အတူ ထွက်ခွာသွားတယ်လို့ ပြောဆိုခဲ့ပြီး အကောင်းမြင်စရာ ကောင်းတဲ့အရာတခုကတော့ ဘယ်သူ့အကူအညီမှမပါဘဲ လင်္မးလျှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဟဲဗန်းရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ဘူးလို့ ယုံကြည်ရပြီး မကြာမီအချိန်အတွင်း ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။