ဂိုးပေါက်ပြန်တွေ့မှုနဲ့ အတူ အထူးတလည် အသိအမှတ်ပြု ချီးကျူးခံခဲ့ရတဲ့ ဟွိုင်လန်း နဲ့ ဂါနာချို
ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲမှာ ဂိုးပေါက် ပြန်တွေ့သွားတဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်း နဲ့ အာဂျင်တိုင်း တောင်ပံကစားသမား ဂါနာချိုတို့ရဲ့ ဂိုးတွေဟာ ရာသီကုန်ပိုင်း မတိုင်ခင်မှာ အထူးတလည် ကြိုဆိုရမယ့် အရာတွေပါ။
ဟွိုင်လန်းဟာ ပထမပိုင်းမှာ ကောင်းမွန်တဲ့ အဆုံးသတ်ဂိုးမသွင်းခင် ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သလို ဂါနာချိုကလည်း ဒုတိယပိုင်းမှာ ဂိုးမသွင်းခင် အရင် ၂၄ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ယူနိုက်တက် နည်းပြ အမ်မိုရင်း က “သူ့အတွက် (ဟွိုင်လန်း) တကယ်ကို အရေးကြီးပါတယ်” လို့ ပွဲ အပြီးမှာ ထည့်ပြောခဲ့ပါတယ်။
“သူဟာ မှန်ကန်တဲ့ အရာတွေကို လုပ်ဆောင်နေတယ်၊ အသင်းကို ကူညီနေတယ်၊ ဘောလုံးတိုင်းကို ရအောင် ဇွဲနဘဲနဲ့ တိုက်ယူခဲ့ပြီး ဒီနေ့မှာလည်း အရမ်းကောင်းတဲ့ ဂိုး တစ်ဂိုး သွင်းနိုင်ခဲ့တယ်၊ အလွန် အရေးပါတဲ့ ဂိုးပါ။ သူဟာ ဘယ်သူ့ထက်မဆို ဒီဂိုးနဲ့ ပိုပြီး ထိုက်တန်ပါတယ်။”
“ဂါနာချို ကလည်း တကယ်ကို ပျော်နေပါတယ်၊ ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူ့ရဲ့ကစားပုံကို တိုးတက်အောင် လုပ်ဆောင်နေတဲ့ နည်းလမ်းပါပဲ။ ဘယ်ခြမ်းတဖက်တည်းမှာ မကစားဘဲ နှစ်ဖက်စလုံးမှာ ကစားနေတယ်။
သူ နောက်ကို အပြေးအလွှား ပြန်ဆင်းကူတယ်၊ အသေးအဖွဲလေးတွေကအစ အတော်လေး ကောင်းအောင် လုပ်ဆောင်နေတယ်”
“အသေးအဖွဲတွေကို အဲ့ဒီလိုမျိုး လုပ်ဆောင်ရင် ကောင်းတဲ့အရာတွေ ပေါ်လာမှာပါ။ ပြီးတော့ သူ ဒီနေ့ ဂိုးရတာလည်း တကယ်ကို ထိုက်တန်ပါတယ်။” လို့ ယူနိုက်တက် တိုက်စစ်သမား နှစ်ဦးကို အထူးတလည် အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။