တက်တော့မယ့် လက်မှတ်ဈေး၊ ဆန်ချိုကို လုံးဝ ပြန်မခေါ်မယ့် ဆုံးဖြတ်ချက်၊ ဟွိုင်လန်း ဝမ်းမြောက်မှု၊ ချန်ခဲ့ခဲ့ရတဲ့ ဂါနာချို နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လာမည့်ရာသီမှာ အသင်းရဲ့တရာသီစာလက်မှတ်ဈေးကို တိုးမြှင့်သွားဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ဈေးနှုန်းထက် ၅ရာခိုင်နှုန်းခန့် တိုးမယ်လို့ သတင်းထွက်နေလို့ ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရပါတယ်။
ပြီးခဲ့တဲ့လက်စတာနဲ့ပွဲမှာ ဂိုးတစ်ဂိုးရခဲ့တဲ့ ယူနိုက်တက် တိုက်စစ်သမား ဂါနာချို ကတော့ အာဂျင်တီးနားအသင်းကနေ ခေါ်ယူခြင်းမခံရဘူးလို့ သိရပါတယ်။
မန်ယူနိုက်တက်ကတော့ ချယ်ဆီး အသင်းထံ အငှားချထားတဲ့ ဂျေဒန် ဆန်ချို ကို အသင်းဆီ လုံးဝ (လုံးဝ) ပြန်ခေါ်မှာမဟုတ်ဘူးလို့ နာမည်ကြီးသတင်းထောက် ရိုမန်နို က အတည်ပြုပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း ချယ်ဆီးက ဆန်ချို ကို အပြီး မဝယ်ယူလိုတော့တာကြောင့် စာချုပ်ကို ဖျက်ဖို့ နည်းလမ်း ရှာဖွေနေပြီ ဖြစ်ပါတယ်။
လက်စတာနဲ့ပွဲမှာ ရရှိခဲ့တဲ့ဂိုးနဲ့ ပတ်သက်ပြီး တိုက်စစ်မှုး ဟွိုှု်လန်းက ” ပွင့်ပွင့်လင်းလင်းပြောရရင် အရမ်းပျော်ပါတယ်။ ပြီးတော့ ဒီဂိုးက ယုံကြည်မှုတွေကိုလည်း ပိုပြီးရစေပါတယ်။ နောက်ထပ် ဂိုးတွေထပ်ရမယ်လို့လည်း သေချာပေါက်ပြောရဲပါတယ်” လို့ သူ့ရဲ့ ဝမ်းသာမှုကို ဖွင့်ဟခဲ့ပါတယ်။
လက်စတာနဲ့ပွဲမှာ ရခဲ့တဲ့ဂိုးကြောင့် ဟွိုင်လန်း အနေနဲ့ (၂၁)ပွဲဆက် ဂိုးပေါက်ပျောက်တာကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် နွေ အပြောင်းအရွှေ့အတွက် ဘွန်ဒက်လီဂါကစားသမား (၂)ဦးဖြစ်တဲ့ Hugo Etikike နဲ့ Benjamin Sesko ကို စောင့်ကြည့်နေတယ်ဆိုပြီး သတင်းတွေတက်လာပါတယ်။ ဒါ့အပြင် နာပိုလီတိုက်စစ်မှူး Osimhen နဲ့ စပို့တင်းတိုက်စစ်မှူး Gyokeres လည်း စာရင်းထဲမှာရှိတယ်လို့ သိရပါတယ်။