ဒိုလေးရှေ့မှာ သူ့စတိုင် ပွဲခံခဲ့တဲ့ ဟွိုင်လန်း၊ ယူနိုက်တက် ချိန်လာတဲ့ ဂျူဗင်တပ် တိုက်စစ်၊ ဆွေးနွေးမယ့် အန်တိုနီ နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

တိုက်စစ်မှုး ဟွိုင်လန်းဟာ မနေ့ညက ပေါ်တူဂီနဲ့ နေးရှင်းလိဂ် ပွဲမှာ ဒိန်းမတ် အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂိုးသွင်းပြီးတဲ့နောက် ဟွိုင်လန်းကတော့ သူ့ အိုင်ဒေး ရော်နယ်ဒို ရှေ့မှာပဲ ရော်နယ်ဒို စတိုင် အောင်ပွဲခံခဲ့ပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ ရာသီကြိုပွဲစဉ်တွေ ကစားသွားဖို့ စီစဉ်ထားကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ရီးရဲလ်ဘက်တစ်မှာ အငှား ကစားရင်း ခြေစွမ်းပြလာနိုင်တဲ့ တိုက်စစ်သမား အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် ကိစ္စ ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီ ဖြစ်တဲ့ ဆန်းဒါးလန်း ကွင်းလယ် ကစားသမား ဂျို့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူလိုတဲ့ ကလပ် အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်လာပါတယ်။

ဂျူဗင်တပ်အသင်းမှ တူရကီသား တောင်ပံ ကစားသမား Kenan Yildiz ကို မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ က အပြိုင် စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါလ် ပေါ့ဘာကို ခေါ်ယူရေး စဉ်းစားသင့်ကြောင်း မာဆေး အသင်းအား မာဆေး ဂန္တဝင် ခရစ် ဝါဒယ်က တိုက်တွန်းလိုက်ပါတယ်။