မတ်လ အကောင်းဆုံး အသင်းသား၊ ဟွိုင်လန်း သန်း (၆ဝ)၊ ဖာရန် တောရက်စ်ကို စောင့်ကြည့်နေခြင်း၊ ပထမဆုံး ခြေစမ်းပွဲနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
ဗီလာမှာ အငှားထွက် ကစားနေတဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ညက အင်္ဂလန်အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပြီး နည်းပြ တူချယ်ရဲ့ အခွင့်အရေး ပေးခြင်း ခံခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ မတ်လအကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းေ်ဆာင်၊ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်မှ vote (89%) ဖြင့် အပြတ်အသတ် အသာရကာ ဆု ရရှိသွားပါတယ်။
စီ ရော်နယ်ဒိုရဲ့ Siuuu ပုံစံ အောင်ပွဲခံမှုကို လိုက်လုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး တိုက်စစ်မှုး ဟွိုင်လန်းက –
” စီရော်နယ်ဒိုက ကျွန်တော့်ရဲ့ idol ကစားသမားပါ။ ပွဲအတွင်း ဂိုးသွင်းပြီးလို့ Siuuu ဆိုပြီးအောင်ပွဲခံတာက သူ့ကိုလှောင် တာမျိုး မဟုတ်ရပါဘူး။ သူက ကျွန်တော့်အပေါ် နဲ့ ကျွန်တော့် ကစားသမားဘဝအပေါ် အရမ်းလွမ်းမိုးမှုရှိခဲ့တဲ့ ကစားသမားမျိုးပါ။ သူ ပါဝင်ကစားနေတဲ့ ပေါ်တူဂီလို အသင်းမျိုးကို ဂိုးသွင်းရတာက ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ ” လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး နဲ့ ဗီလာတို့ဟာ ဘာစီလိုနာ အသင်းတိုက်စစ် ကစားသမား ဖာရန်တောရက်စ် ကို လာမယ့်နွေ ခေါ်ယူခွင့်ရဖို့ စောင့်ကြည့်နေပါတယ်။
ယူနိုက်တက်ကတော့ လာမည့်ရာသီသစ်ရဲ့ပထမဆုံးခြေစွမ်းပွဲအဖြစ် ဇူလိုင်လ (၁၉)ရက်နေ့၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လိဒ်စ် ယူနိုက်တက်နဲ့ ကစားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမား အဲရစ်ဆန် ကတော့ ရာသီကုန်ရင် ယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ၎င်းက ပရီးမီးယားလိဂ်မှာ ဆက်ကစားမှာမဟုတ်ဘဲ တခြားလိဂ်တစ်ခုခုကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှုး ဟွိုင်လန်းက ကိုဝယ်ယူလိုပါက ယူရိုသန်း(၆၀)ခန့် တောင်းဆိုသွားဖို့ ရှိတယ်လို့ 90min သတင်းစာက ဖော်ပြလာပါတယ်။
ဟွိုင်လန်း ကို ခေါ်ယူလိုတဲ့ အသင်းထဲမှာတော့ အီတလီကလပ် နာပိုလီအသင်း ရှိနေပြီး နောက်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေနဲ့ ဟွိုင်လန်း ကို ခေါ်ယူဖို့ လုပ်ဆောင်လာနိုင်ပါတယ်။