စုံစမ်းစစ်ဆေးခံနေရတဲ့ ဂျူဗင်တပ်ရဲ့ အခြေအနေကို ထုတ်ပြောသွားတဲ့ အယ်လီဂရီ
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက လက်ရှိ စီးရီအေကလပ် ရင်ဆိုင်နေရတဲ့ အသင်းရဲ့ အရှုပ်အထွေး ကိစ္စတွေအတွက် စိုးရိမ်မှုမရှိ မရှိပါဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဘဏ်စာရင်း အတုပြုလုပ်ကာ ကစားသမားများရဲ့ အပြောင်းအရွှေ့နှင့် မှတ်ပုံတင် ကိစ္စရပ်များတွင် မသမာမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရတာဖြစ်တယ်။ အဆိုပါ စုံးစမ်းခံရမှုတွေထဲမှာ မန်ယူအသင်းကို ရောက်သွားတဲ့ ရော်နယ်ဒို အပြောင်းအရွှေ့ ကိစ္စလည်း ပါဝင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကွင်းတွင်းရလဒ်တွေ ထိခိုက်နေသလို ကွင်းပြင်ပမှာလည်း ရုန်းကန်နေရပေမယ့် တာဝန်ရှိသူတွေက အသင်းကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ်လို့ အယ်လီဂရီက ယုံကြည်နေတာဖြစ်တယ်။
နည်းပြ အယ်လီဂရီက ‘ အသင်းတာဝန်ရှိသူတွေက ကျွန်တော်တို့အသင်းကို တည်ငြိမ်အောင် ဆောင်ရွက်ပေးထားပါတယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲတွေ အနိုင်ရအောင်ပဲ ရည်ရွယ်ထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ စုံစမ်းစစ်ဆေးမှုအပေါ် ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ ကျွန်တော်တို့အသင်းက ပရော်ဖက်ရှင်နယ်ဆန်ဆန် တည်ဆောက်ထားပါတယ်’ ဟု ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့် ဒု-ဥက္ကဋ္ဌ နက်ဗက်တို့ အပါအဝင် ဒါရိုက်တာများကလည်း အီတလီအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာဖြစ်ပါတယ်။