ပြီးခဲ့တဲ့နွေက ကမ်းလှမ်းမှုထက် ပိုပေးကာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ် ကို ခေါ်ဖို့ ကြိုးစားဦးမယ် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့နွေတုန်းက အဓိက ပစ်မှတ် ဖြစ်ခဲ့တဲ့ အဲဗာတန် ဗဟိုခံစစ်မှုး ဘရန့်ဝိတ် အတွက် လာမယ့်နွေမှာတော့ ပေါင် သန်း ၅ဝ ထက် ပိုများတဲ့ ပမာဏ တိုးကာ ကမ်းလှမ်းမှု လုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ခံစစ်မှုး အတွက် ယူနိုက်တက် ကမ်းလှမ်းမှုတွေကို ပြီးခဲ့တဲ့နွေတုန်းက အဲဗာတန်အသင်းဘက်က ၂ ကြိမ်တိုင် ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းမှုက ပေါင် ၄၅ သန်း + ထပ်ဆောင်း ၅ သန်း ဖြစ်ပေမယ့် အဲဗာတန် က ပေါင် သန်း ၇ဝ ထိ အလိုရှိနေခဲ့တာပါ။

ဘရန့်ဝိတ် ရဲ့ လက်ရှိ စာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးတော့မှာ ဖြစ်လို့ လာမယ့် နွေမှာတော့ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုတွေကို ပိုမို လမ်းဖွင့်လာဖွယ် ရှိနေပါတယ်။

ကစားသမား ဘက်ကတော့ နည်းပြ အမ်မိုရင်းဟာ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် လုပ်ပေးမှသာ အသင်း ပြောင်းချင်နေပြီး ဒီ အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကနေ မဖြစ်နိုင်ရင်တောင် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်ကာ ယူနိုက်တက်တို့ ကြိုးစားနိုင်ဖွယ် ရှိပါတယ်။

ဘရန့်ဝိတ် က အင်္ဂလန် နည်းပြ သောမတ်စ် တူချယ် အား သူ အမြင့်ဆုံး လယ်ဗယ်မှာ စွမ်းဆောင်နိုင်ကြောင်း ပြသချင်နေပြီး နောက်ပြောင်းရွှေ့မယ့် ကလပ်ဟာ ချန်ပီယံလိဂ် ကလပ် တစ်သင်း ဖြစ်ရမယ် လို့ ဆုံးဖြတ်ထားပါတယ်။

ပြောင်းရွှေ့ကြေး အနေနဲ့လည်း ယူနိုက်တက် ဘက်က ယခင် ကမ်းလှမ်းခဲ့တဲ့ ပေါင် သန်း ၅ဝ ထက် ပို ပေးဖို့ စီစဉ်ထားပြီ ဖြစ်လို့ နွေမှာ ဘရန့်ဝိတ် အပြောင်းအရွှေ့ ဖြစ်လာမလား စောင့်ကြည့် ရင်ခုန်ရဦးမှာပါ။