အိုနာနာကို ရောင်းထုတ်ပြီး ပါရမီရှင်ဂိုးသမား ၂ ဦး ပြန်ခေါ်မယ့် နည်းပြ အေမိုရမ်ရဲ့ အစီအစဉ်
မန်ျခက်စတာ ယူနိုက်တက်ဟာ နွေရာသီမှာ အင်ဒရေအိုနာနာကို ဆော်ဒီသို့ ရောင်းချရန် အသင့် ဖြစ်နေပြီ ဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့ ဥရောပရဲ့အလားအလာအကောင်းဆုံးပါရမီရှင် ဂိုးသမား ၂ ဦးအား ပစ်မှတ်ထားနေပါတယ်။
ဒါပေမဲ့ ယူနိုက်တက် နည်းပြ အေမိုရမ်အနေဖြင့် ဂိုးသမားသစ် ခေါ်ယူနိုင်ရေးအတွက် မြို့ခံပြိုင်ဘက် မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာနှင့် အပြိုင်ကြိုးပမ်းရပါမယ်။
မန်ချက်စတာမြို့ခံကလပ်နှစ်ခုလုံးတို့ဟာ အိုနာနာနှင့် အီဒါဆင်တို့ နေရာမှာ အစားထိုးနိုင်မဲ့ ဂိုးသမား ရှာဖွေနေကြပါတယ်။
၎င်းတို့ရဲ့ ပစ်မှတ်ထဲမှာ Royal Antwerp ဂိုးသမား ဆန်နီလမ်မန်က ထိပ်ဆုံးမှ ပါဝင်နေပါတယ်။ လမ်မန်ကို နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
နောက်ထပ် ၎င်းတို့ရဲ့ ပစ်မှတ်က လိုင်လီမှ အသက် ၂၃ နှစ်ရှိ ဂိုးသမားလူးကပ်စ်ချီဗာလီယာဖြစ်ပါတယ်။ အသက်၂၂ နှစ်ရှိ လမ်မန်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၃၃ သန်း ဖြစ်ပါတယ်။
ကလပ်စီနီယာပွဲ ၅၀ ပြည့်အောင် မကစားရသေးပေမဲ့ လမ်မန်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ ဘောလုံးကောင်းကောင်းကစားနိုင်သူဖြစ်ပြီး ဂွါဒီယိုလာနှင့် အေမိုရမ်တို့အကြိုက် ဂိုးသမားမျိုး ဖြစ်ပါတယ်။ ချီဗာလီယာမှာလည်း ယင်းလို အရည်အချင်းမျိုး ပိုင်ဆိုင်ထားပါတယ်။
လမ်မန်ဟာ ဆယ်ကျော်သက်အရွယ်မှာပင် လိုင်လီ ပထမအသင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သူ ဖြစ်ပြီး ဒေါ့မွန်ကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် လက်စွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
ချီဗီလီယာရော လမ်မန်ပါ သက်ဆိုင်ရာ ကလပ်အသီးသီးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြပါတယ်။
ပြင်သစ်ကလပ်လိုင်လီဟာ ချီဗာလီယာကို ပေါင်သန်း ၄၀ ဝန်းကျင် ရရှိမှသာ ရောင်းချလာဖို့ ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အမှားများစွာကျူးလွန်နေတဲ့ အင်ဒရေအိုနာနာအပေါ် စိတ်ရှည်ခြင်း မရှိတော့ဘဲ ဆော်ဒီက မြင့်မားတဲ့ ကမ်းလှမ်းမှု ရရှိလာလျှင် ရောင်းချလာပါမယ်။