နောက်ခံလူ အေဒင် ဟဲဗန်းရဲ့ဒဏ်ရာ ကိစ္စ သတင်းကောင်း ကြားလာရတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် လူငယ်နောက်ခံလူ အေဒင်ဟဲဗန်းရဲ့ဒဏ်ရာက ထင်ထားတာထက် လျင်လျင်မြန်မြန်းတိုးတက်မှုရှိလာတာကြောင့် နည်းပြအမော်ရင်အတွက် သတင်းကောင်းဖြစ်စေခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်းဒဏ်ရာပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး တနင်္ဂနွေနေ့က လက်စတာနဲ့ပွဲမှာလည်း ဟဲဗန်း ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးသူ ဟဲဗန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ အာဆင်နယ်ကနေ ယူနိုက်တက်လူငယ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး စီနီယာအသင်းခံစစ်မှာ ဒဏ်ရာရကစားသမားများနေတာကြောင့် အမော်ရင်က ဟဲဗန်းကို ပွဲထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာ ဟဲဗန်းက ပုံစံကောင်းပြသနိုင်ခဲ့ပေမဲ့ ပွဲချိန်အတွင်း ဒဏ်ရာရရှိခဲ့လို့ ကွင်းထဲက ထမ်းစင်နဲ့ သယ် ထုတ်ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ ဟဲဗန်းဟာ ခြေထောက်အကာအကွယ်ဖိနပ် ဝတ်ဆင်ပြီးတော့ ကွင်းထဲကနေ ထွက်ခဲ့ရပေမဲ့လည်း သူ့ ဒဏ်ရာက အရမ်းကြီးစိုးရိမ်စရာမရှိသလို အခု ဟဲဗန်းကလည်း ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို လူမှုကွန်ရက်ကတစ်ဆင့် အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း Instagram မှာ ဟဲဗန်းက ‘ကျွန်တော့်ကို အားပေးစကားပြောခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေပေးပို့တဲ့ မက်ဆေ့ချ်အကုန်လုံးကို ဖတ်ခဲ့ပြီးပါပြီ။ ကျွန်တော့်အခြေအနေကောင်းမွန်သလို ဒဏ်ရာကလည်း လျင်လျင်မြန်မြန်ပဲ တိုးတက်လာပြီဖြစ်ပါတယ်’လို့ Post တင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး နိုင်ငံတကာပွဲတွေအပြီး လာမဲ့ဧပြီလ ၁ ရက်ကျရင် ပရီးမီးယားလိဂ်ပွဲအဖြစ် အဆင့် ၃ နေရာက နော်တင်ဟမ်ဖော်ရက်စ်နဲ့အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။