ရက်ရှ်ဖို့ဒ် ဈေးတက်ခြင်း၊ အန်တိုနီအတွက် ကမ်းလှမ်းမှုသစ်၊ ဝိန်း ရွန်းနီရဲ့ စည်းမျဉ်းနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်စ်တွန်ဗီလာအသင်းထံ အငှားချထားတဲ့ ရက်ရှ်ဖို့ဒ် အား ပေါင် သန်း ၄၀ ကနေ ပေါင် သန်း ၆၀ အထိ ဈေးတိုး သက်မှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ယူနိုက်တက် နဲ့ အာဆင်နယ် ၂ သင်းစလုံးဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ရဲ့ ပြောင်းရွှေ့ကြေးကို နားစွင့်နေကြပါတယ်။
အင်္ဂလန် နည်းပြ တူချယ်ဟာ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဖိုဒန်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို သီးသန့်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ်ဘက်တစ်မှာ အငှားချထားတဲ့ အန်တိုနီအတွက် နောက်ထပ် ကမ်းလှမ်းမှုအသစ် ထပ်မံရခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ကို မျက်စိကျနေပြီး ပေါင် ၃၃ သန်းကနေ ပေါင် ၄၂ သန်းကြားနဲ့ ခေါ်ယူခွင့်ရနိုင်ပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်မှုး ဟွိုင်လန်းကို လာမယ့်နွေမှာ ပေါင် သန်း ၅၀ နဲ့ ရောင်းချလိုနေပြီး နာပိုလီက စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရွန်းနီက အကယ်ဒမီက လူငယ်ကစားသမားတွေအားလုံးကို စီနီယာအသင်းအတွက် ပွဲ ၅၀ ပါဝင်ကစားပေးပြီးမှ တန်ဖိုးကြီး ကားတွေ ဝယ်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဂျက်ဆီ လင်ဂတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။