ကာရေဂါကို ကျော်ဖြတ်ပြီး Pundit of the Year ဆု ဆွတ်ခူးသွားတဲ့ သရဲနီဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကြီး ရွိုင်ကိန်းဟာ Sports Journalists’ Association Awards ဆုပေးပွဲအခမ်းအနားတွင် Pundit of the Year ဆုကို ဆွတ်ခူးလာပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဟာ လတ်ဗီးယားကို အင်္ဂလန်တို့ အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအား ဝေဖန်သုံးသပ်မှု ပြုလုပ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဒီဆုကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့တုန်းက လတ်ဗီးယားကို အင်္ဂလန်တို့ ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အသက် ၅၃ နှစ်ရှိ ရွိုင်ကိန်းဟာ မတ်ပူဂတ်၊ အီယန်ရိုက်တို့နှင့်အတူ ဝေဖန်သုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရွိုင်ကိန်းဟာ Sky Sports တွင် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး ဝေဖန်စရာရှိလျှင် ပွင့်ပွင့်လင်းလင်း ဝေဖန် တတ်သူ အဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။
Pundit of the Year ဆုကို အားကစားဂျာနယ်လစ်အစည်းအရုံးရဲ့ အဖွဲ့ဝင်များ မဲဖြင့် ဆုံးဖြတ် ရွေးချယ်တာလည်း ဖြစ်ပါတယ်။
Pundit of the Year ဆုကို အီရန်ရိုက်၊ အယ်လီမက်ကော့စ်၊ အမ်မာဟာယက်စ်၊ မိုက်ကယ်ဟိုးဒင်း၊ ဂယ်ရီနဗီးလ်၊ အိုဆီအူမန်ယီယိုရာတို့လည်း ဆွတ်ခူးဖူးပါတယ်။
ရွိုင်ကိန်းဟာ talkSPORT မှ မက်ကော့စ်၊ Sky Sports ရဲ့ ဂျေမီကာရေဂါ အပါအဝင် ၉ ဦးအား ကျော်ဖြတ်ကာ ဆွတ်ခူးလာတာ ဖြစ်ပါတယ်