ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်မှာ အချိန်ဖြုန်းနေတယ် လို့ သတိပေးလိုက်သူ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်မှာ ကစားသမားဘဝ အကောင်းဆုံးနှစ်ကာလများကို ယူနိုက်တက်တွင် ဖြုန်းတီးနေတယ်လို့ ဂါဘီ အဘွန်လဟောက ပြောကြားလာပါတယ်။

ဗီလာတိုက်စစ်မှူးဟောင်းအဘွန်လဟောက ဘရူနိုဖာနန်ဒက်စ်မှာ အကောင်းဆုံးနှစ်များကို ယူနိုက်တက်တွင် ဖြုန်းတီးပစ်မှုအတွက် နောင်တရလာမှာ ဖြစ်ကြောင်း၊ ကြီးကျယ်တဲ့ ဆုဖလားများ ဆွတ်ခူးရေးအတွက် အခြားထိပ်သီးအသင်းတစ်သင်းသို့ ပြောင်းသင့်ကြောင်း ဆိုသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလား ၂ လုံးတို့သာ ဆွတ်ခူးထားပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ရောက်လာပြီးနောက် ယူနိုက်တက်အတက် ၂၇၈ ပွဲကစားထားရာမှာ ၉၅ ဂိုးသွင်းပြီး ၈၂ ကြိမ် ဖန်တီးထားပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားနှင့် ခါရာဘောင်ဖလားတို့မှ ထွက်ခွာထားရပြီး ဖြစ်သလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

၎င်းတို့အတွက် လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်ချန်ပီယံဖြစ်ရေးသာ ရှိပါတော့တယ်။

ယူနိုက်တက်ဟာ ယခုအပတ်အကုန်တွင် အိုးထရက်ဖို့ဒ်မှ မန်စီးတီးကို ဧည့်ခံကစားရပါမယ်။ ယင်းပွဲအပြီးတွင် ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် လိုင်ယွန်နှင့် ရင်ဆိုင်ကစားရပါမယ်။