ဆာလာနဲ့ သက်တမ်းတိုးမှု အခုချိန်ထိ အဆင်မပြေသေးတဲ့ ကိစ္စကို ကလော့ပ် တုန့်ပြန်

လီဗာပူး နည်းပြ ယာဂန်ကလော့က အသင်းနဲ့ စာချုပ် တစ်နှစ်ခွဲပဲ ကျန်ရှိတော့တဲ့ ဆာလာကို သက်တမ်းတိုးဖို့ ညိနှိုင်းနေမှုဟာ အချိန်ယူရဦးမယ့် ကိစ္စဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

တိုက်စစ်မှူးဆာလာဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ပဲ စာချုပ်ရှိတော့တာဖြစ်ပေမယ့် စာချုပ်သစ် ကိစ္စနဲ့ ပက်သက်ပြီး ကစားသမား နဲ့ ကလပ်တို့ ဆွေးနွေးညှိနှိုင်းနေတဲ့ အပေါ် စိတ်ရှည်ပေးဖို့လည်း ကလော့ပ်က တောင်းဆိုသွားခဲ့ပါတယ်။

ကလော့ပ်က ” ကျနော်တို့ စကားပြောနေပါတယ်။ မိုလို ကစားသမားကို သက်တမ်းတိုးဖို့ဆိုတာက နေ့ခင်မှာ လက်ဖက်ရည်သောက်ဖိတ်ပြီး တထိုင်တည်း ဆွေးနွေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။

မိုက အဆင်ပြေပါတယ်၊ ကျနော်လည်း အဆင်ပြေတယ်။ ကျနော်တို့ ဘာလိုချင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းရှိတယ်။ ဒီလို စာချုပ်ကိစ္စက အချိန်ယူရပါတယ် ” လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ် အခုထိ မအောင်မြင်သေးတဲ့အပေါ် မေးခွန်းထုတ်ခံရချိန်မှာ ဆာလာက ဆုံးဖြတ်ချက်တွေက သူ့အပေါ် မူတည်နေတာ မဟုတ်ဘဲ ကလပ်တာဝန်ရှိသူတွေအပေါ်မှာပဲ မူတည်နေကြောင်းနဲ့ သူကတော့ သက်တမ်းတိုးလိုပါတယ်လို့ ဖြေဆိုပေးထားတာပါ။

ဆာလာက “ကျွန်တော် ဒါနဲ့ ပက်သက်ပြီး အကြိမ်များစွာ ပြောခဲ့ပြီးပါပြီ။ အကယ်၍ ဆုံးဖြတ်ချက်က ကျွန်တော့် အပေါ်မှာ မူတည်နေတယ် ဆိုရင် ကျွန်တော် လီဗာပူးမှာ ဆက်နေချင်ပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ချက်ဟာ management ရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဒီပြသနာကို ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။