ဂနာချို ခြေစွမ်းမပြနိုင်တော့တာ လက်ရှိ နည်းပြကြောင့် လို့ ထောက်ပြခဲ့တဲ့ လိုင်ယွန်နောက်ခံလူ
လိုင်ယွန်အသင်းနောက်ခံလူ တက်ဂ်လီယာဖီကို ကတော့ လက်ရှိ မန်ယူအသင်းမှာ ဂနာချို ရုန်းကန်နေရခြင်းဟာ နည်းပြနဲ့ သက်ဆိုင်ကြောင်း ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၀ အရွယ်ရှိ ဂနာချိုဟာ လက်ရှိရာသီ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ တစ်ယောက် ဖြစ်သလို ၂၄ ပွဲဆက် ဂိုးမသွင်းပဲ ဖြတ်သန်းခဲ့ရဖူးပါတယ်။
မန်ယူအသင်းထံ အမိုရင် ရောက်လာပြီးကတည်းက ကျင့်သုံးနေတဲ့ ၃-၄-၂-၁ ကစားဟန်ကြောင့် ဂနာချို ကောင်းကောင်း လှုပ်မရ ဖြစ်နေကြောင်း တက်ဂ်လီယာဖီကို က သုံးသပ်သွားခဲ့ပြီး တောင်ပံပိုင်းကို စိတ်ကြိုက်လှုပ်ရှားခွင့်ပြုသင့်ကြောင်း ထင်မြင်ယူဆနေပါတယ်။
တက်ဂ်လီယာဖီကို က “ ဂနာချို အသင်းအတွက် စကစားပေးရချိန်တုန်းက တော်တော်လေးကို ကောင်းမွန်တဲ့ ကစားသမားမျိုးပါ၊ ဒါပေမယ့် နည်းပြသစ် ရောက်လာခဲ့ပြီးနောက် ကစားကွက် အပြောင်းအလဲတွေနဲ့ သူတော်တော် အဆင်မပြေ ဖြစ်နေပါတယ်။
သူ ယုံကြည်မှု အတော်လေး ပျောက်ဆုံးနေတာလည်း တွေ့ရပါတယ်၊ ယူနိုက်တက်လို အသင်းမျိုးမှာ တောင်ပံ ကစားသမားကောင်းကောင်း မသုံးဘူးဆိုရင် အဲ့ဒီအသင်းအတွက် လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ယခင် နည်းပြ တန်ဟတ် လက်အောက် ကစားခဲ့တဲ့ ၉၈ ပွဲမှာ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားနိုင်တဲ့ ဂနာချိုဟာ အမိုရင်လက်အောက်မှာတော့ ပွဲ ၂၀ ကစားပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ထားနိုင်ပါသေးတယ်။