တနင်္ဂနွေနေ့ အဝေးကွင်းမှာ မန်ယူက နယူးကာဆယ်ကို ဘယ်နှဂိုးနဲ့ ရှုံးမယ် ဟောကိန်းထုတ်လိုက်တဲ့ ပေါမာဆန်
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ကတော့ နယူးကာဆယ် အသင်း ကို အဝေးကွင်း စိန့်ဂျိမ်းပါ့ခ် မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်က နယူးကာဆယ် – မန်ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ကတော့ နယူးကာဆယ်ကို ဒေါကန်အောင် လုပ်နိုင်မှာပါ။ ဒါပေမယ့် ပွဲပြီးရင် ကာဆယ်ပဲ နိုင်သွားမယ် လို့ ထင်တယ်။
ယူနိုက်တက်က နည်းပြ အမ်မိုရင်းနဲ့ အတူ တိုးတက်မှုတွေ ပြလာပေမယ့် ဒီပွဲ နိုင်လောက်အောင်တော့ မဟုတ်သေးဘူး လို့ပဲ မြင်တယ်။ top four အတွက် ပြိုင်ဆိုင်မှုကလည်း ပိုပြီး ပြင်းထန်လာနေတာကြောင့် နယူးကာဆယ်က ခြေချော်ခံမှာ မဟုတ်ပါဘူး။
အက်ဒီဟောင်း က တော်တော် ကောင်းကောင်း လုပ်ပြထားပြီ လို့ ကျွန်တော် မြင်ပါတယ်။ ဆုဖလား နိုင်လိုက်တာက ဒီကလပ် အသင်းအတွက် အရာရာ ဖြစ်သွားပါပြီ။
ရာသီကုန်လို့ နယူးကာဆယ်တို့ အဆင့် ၅ အတွင်း ဝင်ရင်ကို အချိုပေါ် သကာလောင်းတဲ့ ကိစ္စပါ။ ဒီပွဲနိုင်ပြီး နောက်ထပ် ၃ မှတ် ယူနိုင်မယ်၊ ပွဲကျန် တစ်ပွဲကလည်း ကျန်သေးတယ် ဆိုတော့ သူတို့ top five ဝင်မယ်လို့ ထင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၂-ဝ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။