ဝုလ်ဗ် နာမည်ကျော် တိုက်စစ်ကစားသမားကို မန်ချက်စတာ ယူနိုက်တက် ခေါ်ယူဖို့ နီးစပ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုလ်ဗ် နာမည်ကျော် တိုက်စစ်ကစားသမား ကွန်ညာ ကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်လာပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ အမြတ်ငွေနဲ့ဘဏ္ဍာရေးတည်ငြိမ်ရေး စည်းကမ်းချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ လိုအပ်ပေမဲ့လည်း လာမဲ့မေလကျရင် ကွန်ညာ ကို စာချုပ်လျော်ကြေး ပေါင် ၆၂.၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။
ကွန်ညာ ရဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်အတွက် အဓိကပြိုင်ဘက်ဆိုလို့ နယူးကာဆယ်တစ်သင်းသာရှိပါတယ်။
နယူးကာဆယ်ဟာ သူတို့အသင်း တိုက်စစ်ဘယ်ခြမ်းကို အားဖြည့်ဖို့ ကူညာကို ပစ်မှတ်ထားနေပေမဲ့လည်း ကွန်ညာဟာ အမော်ရင်ရှိတဲ့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
နည်းပြ အမော်ရင်ဟာ ကွန်ညာ ရဲ့ ဂိုးသွင်းစွမ်းရည်၊ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ အရည်အချင်းကို လူသိရှင်ကြား ချီးကျူးစကားဆိုခဲ့ပြီး ဒီရာသီ ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ ကွန်ညာနဲ့ တွေ့ဆုံစကားပြောခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့က ယူနိုက်တက်နဲ့အမော်ရင်တို့အတွက် အဓိကဦးစားပေးဖြစ်နေပြီး ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့ဆိုရင် လက်ရှိ အသင်းက ကစားသမားတချို့ကို ရောင်းချငွေရှာရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ အိုစီမန်၊ ဇာဗီဆီမွန်၊ ဘင်ဂျမင် ဆက်စကို၊ အက်ဇေး၊ ဆီမန်ညိုတို့လည်း ပါဝင်ပြီး ယူနိုက်တက်အသင်းဟာ လာမဲ့နွေရာသီကျရင် ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ကတ်စ်မဲရိုး၊ ဂါနာချိုတို့ကို ရောင်းချသွားဖို့ရှိပါတယ်။